top of page

တနိုင်းမြို့တွင် စစ်မှုမထမ်းမနေရ ဉပဒေ ထောက်ခံဆန္ဒပြပွဲ ပြုလုပ်

  • Writer: Pajau Media
    Pajau Media
  • Feb 19, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊ဖေဖော်ဝါရီ၊ ၂၀၂၄ခုနှစ်။


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် စစ်ကောင်စီပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကြိုဆိုထောက်ခံပွဲကို ယမန်နေ့ နံနက်၇နာရီခွဲ အချိန်ခန့်၌ တနိုင်းမြို့နေ ဒေသခံအချို့ ပြုလုပ်ကျင်းပခဲ့သည်ဟု တနိုင်းဒေသခံတစ်ဦးထံမှ သိရသည်။


ဉပဒေကြိုဆိုထောက်ခံ ဆန္ဒပြပွဲတွင် လမုန်ကျေးရွာအခြေစိုက် ပြည်သူ့စစ်မိသားစုဝင်များ၊ ရွှေမင်းပြည်သူ့စစ်မိသားစုများ၊ တနိုင်းမြို့ရှိ စစ်တပ်မိသားစုများနှင့် ဒေသခံအချို့ ပါဝင်ပြီး ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဒေသခံတစ်ဦးက “သူတို့က သူတို့စစ်တပ်ရဲ့ ခလရ(၂၃၈) တပ်ရင်းစခန်းကနေ ၃မိုင်ဘက် ဦးတည်ပြီး ဆန္ဒပြထွက်လာကြတယ်” ဟု ပြောသည်။




အဆိုပါ ထောက်ခံပွဲတွင် အင်အား (၇၀၀) ကျော်ပါဝင်ပြီး “နိုင်ငံတော်ကို ကာကွယ်ဖို့ တစ်မျိုးသားလုံး စစ်မှုထမ်းဆောင်ကြပါစို့” စာသားပါရှိသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ စစ်တပ်စခန်းမှ ၃မိုင်ဘက်ဦးတည် လမ်းလျှောက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။


အလားတူ မြစ်ကြီးနားမြို့နှင့် မိုးညှင်းမြို့တွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ရက် နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်း ဥပဒေကြိုဆိုထောက်ခံပွဲကို စစ်တပ်နှင့်နီးသည့် နေရာများ၌ ပြုလုပ်ခဲ့ကြသည်။


ပြည်သူ့စစ်မှုထမ်းဥပဒေကို၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာတည်မြဲကြောင်း သတ်မှတ်ခဲ့ကာ လာမည့်ဧပြီလမှ စတင်ကာ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page