top of page

တနိုင်းမြို့တွင် မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသူ ဆေးကုသရန် ခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • May 8, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊ မေလ၊၂၀၂၄ခုနှစ်။


ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် နာဂအမျိူးသားတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည့်အပြင် ဆေးကုသမှုခံယူရန် ငွေကြေးခက်ခဲနေကြောင်း သိရသည်။


မိုင်းနင်းမိ၍ ခြေထောက်ဖြတ်လိုက်ရသူမှာ တနိုင်းမြို့မှ သားသမီး၅ဦး၏ ဖခင်ဖြစ်သူ နာဂအမျိူးသား ကိုကာပုန်းဆိုသူဖြစ်ပြီး တနိုင်းမှ နမ်ဆိုင်တောင်ဘက်သို့ ဆေးမြစ်ရှာရန် ခရီးထွက်လာစဉ် လမ်းတစ်နေရာ၌ မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။


"ကိုကာပုန်းက နာဂအမျိုးသားများ အဖွဲ့ဝင်ဟုတ်တယ်၊ သူနဲ့သူ့အဖွဲ့သား‌တွေ ဆေးမြစ်သွားရှာချိန်မှာ မိုင်းနင်းမိတာ၊ ညာဖက်ခြေထောက် ဖြတ်လိုက်ရတယ်၊ ကလေးကလဲ ၅ယောက်ရှိတယ်၊ စားဝတ်နေရေးက ခက်ခဲပါတယ်ဆိုမှ ခုလိုဖြစ်သွားတော့ဆေးကုဖို့ အရမ်းခက်ခဲနေတာ" ဟု ကိုကာပုန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။


 ပြီးခဲ့သည့် မေလ၂ရက်နေ့တွင် တနိုင်းမြို့နယ် တဆိတ်ကျေးရွာမှ တနိုင်းချောင်း ညာဘက်ခြမ်းတွင်ရှိသည့် နမ်ဆိုင်တောင်ဘက်သို့ ဦးကာပုန်း အပါအဝင် အဖွဲ့ဝင်များ ဆေးမြစ်ရှာရန် သွားနေစဉ် လမ်းတစ်နေရာ၌ ထောင်ထားသည့်မိုင်းနင်းမိခဲ့ရာ ဦးကာပုန်း၏ညာဖက်ခြေထောက်တစ်ဖက် ဖြတ်လိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။


ဦးကာပုန်းအား ယင်းနေ့တွင်ပင် တနိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြပြီး ယမန့်နေ့တွင် တနိုင်းဆေးရုံမှ မြစ်ကြီးနားဆေးရုံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page