top of page

တနိုင်းမြို့နယ်တွင် အသက်(၆)နှစ်အရွယ် ကလေးတစ်ဦး သဲကျောက်သယ်သည့် ကားကြိတ်ခံရ၍ အသက်သေဆုံး

  • Writer: Pajau Media
    Pajau Media
  • Apr 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။




ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ဟူးကောင်းရပ်ကွက်တွင် ယမန်နေ့ ဧပြီလ ၉ရက်နေ့ ညနေ ၅နာရီအချိန်ခန့်၌ စက်ဘီးစီးလာသည့် ကလေးငယ်တစ်ဦး သဲကျောက်သယ်သည့် ကားဝင်တိုက်မိပြီး ကြိတ်သွားသည့်အတွက် ဦးခေါင်းကြေမွကာ အသက်သေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ စက်ဘီးစီးလာသည့် ကလေးငယ်နှစ်ဦး ဟူးကောင်း ရပ်ကွက်ရုံးအနီးရှိ သဲကျောက်ပုံနားတွင် စက်ဘီးဖြင့် လဲကျနေချိန် အရှေ့ဘက်မှ မောင်းလာသည့် သဲကျောက်သယ်သည့် ကားမှ လဲကျနေသည့် ကလေးငယ်နှစ်ဦးအနက် နောက်တွင် လိုက်ပါစီးနင်းသည့် ကလေးငယ်ကို တက်ကြိတ်မိခဲ့ရာ၊ ဦးခေါင်းကြေမွပြီး သေဆုံးခဲ့ရခြင်း ဖြစ်သည်။


အသက်သေဆုံးခဲ့သည့် ကလေးငယ်သည် အသက် (၆)နှစ်အရွယ် နော်နော်ထွယ်ဆိုသူဖြစ်ကာ၊ ကျန်ကလေးငယ်မှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး၊ ကားမောင်းခဲ့သူ တရားခံအား လက်ရှိ တနိုင်းမြို့ ရဲစခန်းမှ အမှုစစ် ဖြေရှင်းနေကြောင်း သိရသည်။


သတင်း - ဟူးကောင်း


Comments


Pajau Media

Thanks for subscribing!

bottom of page