top of page

တနိုင်းမြို့ရှိ ပြည်သူ့စစ်တပ်ဖွဲ့များမှ တပ်သားသစ်စုဆောင်းရေးပိုမိုလုပ်ဆောင်လာ

  • Writer: Pajau Media
    Pajau Media
  • Mar 12, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၂ရက်၊မတ်လ၊၂၀၂၅။



ကချင်ပြည်နယ်၊ ဟူးကောင်းဒေသ၊ တနိုင်းမြို့တွင် ပြည်သူ့စစ်တပ်ဖွဲ့မှ တပ်သားသစ် စုဆောင်းရေးဆွဲခြင်းများ ခပ်စိပ်စိပ် လုပ်ဆောင်လာသောကြောင့် ဒေသခံများနှင့် အသက်အရွယ်ရသည့် လူငယ်များအတွက် သွားလာရေး ခက်ခဲကြပ်တည်းနေသည်ဟု ဒေသခံများမှ ပြောကြားလာသည်။


ပြည်သူ့စစ်တပ်ဖွဲ့များမှာ ယခုရက်ပိုင်းအတွင်း လမ်းမကြီးပေါ်နှင့် လမ်းကြားနေရာများတွင် စောင့်ကြပ်နေရာယူပြီး၊ လမ်းသွားလမ်းလာပြည်သူများနှင့် ညအချိန်သွားလာသည့် လူငယ်များကို တားဆီးဖမ်းဆီးသည့်အပြင် နေအိမ်အထိ လိုက်လံစုံစမ်း ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်းသိရသည်။


ထို့အပြင် ယင်းတို့မှ မသင်္ကာသူများကိုလည်း စစ်ဆေးမေးမြန်းရန် ရှိသည်ဟုပြောဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ လုပ်ဆောင်နေသောကြောင့် ဒေသခံများမှာ စိုးရိမ်နေကြရခြင်း ဖြစ်သည်။


တစ်ဖက်မှာလည်း မြစ်ကြီးနားမြို့အနီး ရပ်ကွက်များရှိ အချို့နေအိမ်များတွင် စစ်ကောင်စီတပ်ဖွဲ့များမှ ဧည့်စာရင်း စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page