top of page

တနိုင်းမြို့ လောဒ်မိုင်ယန်ကျေးရွာ ဒေသခံများ၏အိမ်များ လေပြင်းမုန်တိုင်းကြောင့် ပျက်စီဆုံးရှုံးမှုရှိ

  • Writer: Pajau Media
    Pajau Media
  • Apr 3, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ တနိုင်းမြို့မှ လောဒ်မိုင်ယန်ကျေးရွာတွင် ယမန်နေ့ ဧပြီလ ၂ရက်နေ့ ည၇နာရီ ၄၅မိနစ်အချိန်ခန့်တွင် လေပြင်းမုန်တိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံများ၏ အိမ်ခြေ အများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


“မနေ့ညက လေပြင်းကြမ်းတော့ အိမ်ခေါင်မိုးတွေ အားလုံး အပေါက်ဖြစ်သွားတယ်၊ အချို့အိမ်ပစ္စည်းတွေလည်း လွင့်သွားတယ်။ ဒီမနက်ရောက်မှ လမ်းပေါ်ကနေ ပြန်ကောက်ယူနေရတယ်။” ဟု လောဒ်မိုင်ယာန်ဒေသခံတစ်ဦးက ပြောသည်။


ထို့အပြင် လေပြင်းတိုက်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများပါ ရွာသွန်းခြင်းကြောင့် ဒေသခံများ၏ အိမ်ခေါင်မိုးသွပ်များ ပျက်စီးခြင်းနှင့် အိမ်သုံးပစ္စည်းများ အများအပြားပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။


လောဒ်မိုင်ယာန်ကျေးရွာသည် လွန်ခဲ့သည့် ၂၀၂၁ခုနှစ်မှ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူများအတွက် ရည်ရွယ်ကာ တည်ဆောက်ထားသည့် ရွာငယ်ဖြစ်ပြီး၊ အိမ်ခြေ(၃၀)ကျော်ဖြင့် အခြေချနေထိုင်‌နေသည့် ကျေးရွာဖြစ်သည်။


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နမ့်မှော်၊ မှော်လကင်ကျေးရွာတွင် ယမန်နေ့ညက လေပြင်းတိုက်ခိုက်ပြီး ကြက်ဥအရွယ်အစားရှိ မိုးသီးကြွေကျမှုကြောင့် အိမ်ခေါင်မိုးသွပ်များ ပျက်စီးကာ၊ အချို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နမ့်မှော် မှော်လကင်ဒေသခံတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် မတ်လ၂၆ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်ရှိ နမ့်မှော်၊ မှော်လကင်ကျေးရွာတွင် လေပြင်းတိုက်ခိုက်ကာ ကြက်ဥအရွယ်အစားရှိ မိုးသီးများ ကြွေကျမှုကြောင့် အိမ်ခေါင်မိုးသွပ်များ ပျက်စီးကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


သတင်း - ဟူးကောင်း



Comments


Pajau Media

Thanks for subscribing!

bottom of page