top of page

တနိုင်းလီဒိုလမ်း တစ်လျှောက်ရှိရွာများတွင် စက်သုံးဆီဈေးအဆမတန်မြင့်တက်မူကြောင့် လယ်ယာလုပ်သူများ အခက်အခဲနှင့်ရင်ဆိုင်နေရ

  • Writer: Pajau Media
    Pajau Media
  • Dec 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၀ရက်၊ဒီဇင်ဘာ၊၂၀၂၄။



ကချင်ပြည်နယ်၊ တနိုင်းလီဒိုလမ်းမတစ်လျှောက်ရှိ ကျေးရွာများမှ လယ်ယာများတွင် စက်သုံးဆီအဆမတန်မြင့်တက်မူနှင့် အလုပ်လုပ်နိုင်သည့် လူငယ်များရှားပါးမှုကြောင့် ရိတ်သိမ်းချိန်ကျော်လွန်လာသော်လည်း စပါးရိတ်သိမ်း ပြီးစီးနိုင်‌ ရန် ခက်ခဲနေကြောင်း ဒေသခံများက ဆိုသည်။


တနိုင်း လီဒိုလမ်းမတစ်လျှောက်ရှိ ဝရာဇပ်၊ ရှထူးဇွပ်၊ ဒွန်ဘန်၊ နောင်မြေ၊ နမ်ဖြတ် ရွာတို့တွင် စပါးများရိတ်သိမ်းချိန်ကျော်လွန်သော်လည်း အချိန်မှီ မရိတ်သိမ်းနိုင် သည်သာမက စပါးအထွက် နှုန်းလည်း‌ယခင်နှစ်ကထက် ကျဆင်းနေသောကြောင့်လာမည့် နှစ် စပါးစိုက်ပျိုးချိန်အထိ စားသောက်ရေး လောက်ငှနိုင်ဖွယ် မရှိဘူးကြောင်း ဒေသခံတစ်ဦးက ပြောသည်။



“ဒီနှစ်က လယ်စပါးတွေသူ့အလိုလိုနီပြီး တော့ မကောင်းဘူး၊ ဆီစျေးတွေ ကတက် စက်ငှားခလည်း ဆီစျေးတက်တော့ လည်းလိုက်တက်၊ ရွာထဲမှာ အလုပ်လုပ်နိုင်တဲ့ လူငယ်တွေလည်း မရှိတော့ ပိုဆိုးတာပေါ့၊ တစ်ချို့က စက်မငှားပဲကိုယ့်ဟာကို လုပ်ကြပေမဲ့ လူကြီးတေက လူငယ်တွေ လောက် မလုပ်နိုင်ဘူး၊ လူငယ်တွေ အဖမ်းအဆီးတွေ များလာတော့ ရွာထဲမနေကြတော့ ဘူး ရွာထဲမှာအသက်ကြီးတဲ့ သူတွေ ပဲ ကျန်တော့ တယ်၊ လာမည့်နှစ်မှာ စားရေးသောက်ရေးခက်ခဲနိုင်တယ် ” ဟု ဒေသခံတစ်ဦး ကပြောသည်။


စပါး‌ရိတ်ချွေစက်အတွက် စက်သုံးဆီသည်လည်း အဆမတန်မြင့်တက်ပြီး ရိတ်ချွေစက်လည်း အလုအယှက်အသုံးပြုရကာ ယခင်နှစ်က တစ်ဧက အတွက် ရိတ်ချွေခ ၈၀၀၀၀ကျပ် ၀န်းကျင်သာကျဖြစ်သော်လည်း ယခုနှစ်မှာတော့ တစ်ဧက ရိတ်ချွေခ ၂၅၀,၀၀၀ကျပ် အထိစျေးနှုန်းမြင့်တက်နေပြီး လူအင်အားဖြင့်သာ လုပ်နေရသောကြောင့် ရိတ်သိမ်းချိန် ကျော်လွန်နေသော် လည်း လက်ရှိအချိန်ထိ ရိတ်သိမ်းမပြီးစီးနိုင်ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page