top of page

တနိုင်း-လီဒိုလမ်းမပေါ်မှ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIAပူးပေါင်းတပ်ဖွဲ့မှတိုက်ခိုက်သိမ်းပိုက်

  • Writer: Pajau Media
    Pajau Media
  • Jul 11, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၁ရက်၊ဇူလိုင်လ၊၂၀၂၅။


တနိုင်း-လီဒိုလမ်းပေါ်ရှိ လဝါး-ခွမ်စိုင်ယန်ကျေးရွာ သင်္ချိုင်းကုန်းပေါ်တွင် တပ်စွဲထားပြီးစစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များကို KIAတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်၁၀ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။


လဝါး-ခွမ်စိုင်ယန်သင်္ချိုင်းကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို ဇူလိုင်၁၀ရက် နံနက်၄နာရီအချိန်ကတည်းက KIAပူးပေါင်းတပ်ဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့ရာ နံနက်၆နာရီအရောက်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


တနိုင်း-လီဒိုလမ်းပေါ်ဖြစ်သောကြောင့် လမ်းသွားလမ်းလာပြည်သူများအား တိုက်ပွဲဖြစ်ပွားနေချိန်တွင် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ပင်ထားသော်လည်း ညနေပိုင်းအချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ စစ်တပ်စခန်းသိမ်းပိုက်တိုက်ပွဲတွင် စစ်သုံ့ပန်း(၃)ဦးကိုလည်း ဖမ်းဆီးရမိထားကြောင်း ဒေသသတင်းဌာနများ၏ဖော်ပြချက်အရ သိရသည်။


KIAပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိလိုက်သည့် ခွမ်စိုင်ယန်သင်္ချိုင်းကုန်းသည် ယခင်က KIAပူးပေါင်းတပ်ဖွဲ့များ တပ်စွဲနေရာယူထားသည့်နေရာဖြစ်ပြီး၊ မတ်လ၂၄ရက်နေ့က မင်းဇေသန့်ပြည်သူ့စစ်များ လာရောက်သိမ်းပိုက်ထားသည့် တပ်စခန်းတစ်ခုဖြစ်သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page