top of page

တနိုင်းလီဒိုလမ်းလဝါကျေးရွာတွင်စစ်ကောင်စီကနေအိမ်များကိုမီးရှို့ဖျက်ဆီးမှုများပြုလုပ်

  • Writer: Pajau Media
    Pajau Media
  • Apr 15, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ ဧပြီ ၂၀၂၅ ။



ကချင်ပြည်နယ် တနိုင်းလီဒိုလမ်း လဝါကျေးရွာတွင် စစ်ကောင်စီနှင့်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်များတစ်ဖန် ပြန်လည်ဝင်ရောက်လာပြီးစစ်ကြောင်းထိုး​​စစ်ရေးရှုပ်ရှားကာ ရွာတွင်းပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီမှုများပြုလုပ်နေကြောင်း သိရသည်။


ဧပြီလဆန်းပိုင်းတွင် လဝါရွာတွင်းတပ်စွဲနေရာယူပြီး စစ်ရေးလှုပ်ရှားနေထိုင်သည့်စစ်ကောင်စီပူးပေါင်းတပ်များကို KIA ပူးပေါင်းတပ်က တိုက်ထုတ်နိုင်ခဲ့သော်လည်း ဧပြီ ၁၅ ရက်နေ့တွင် တစ်ဖန်ပြန်လည်း ဝင်ရောက်လာပြီး စစ်ရေးလှုပ်ရှားကာနေအိမ်တစ်ချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။


လက်ရှိ တနိုင်းလီဒိုလမ်း လဝါသေခံများ​သည် စစ်ကောင်စီတပ်ကတပ်စွဲနေရာယူချိန်ကစပြီး တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်သောကြောင့် နီစပ်ရာတောတောင်နေရာများတွင် ​ကြိုတင်ထွတ်ပြေးတိမ်းရှောင်နေထိုင်နေကြောင်းသိရသည်။


စစ်ကောင်စီတပ်များသည် ဧပြီ ၂၂ရက်နေ့ထိ ယာယီအပစ်ခတ်ရပ်စဲရန်ထုတ်ပြန်ထားသော်လည်း ကချင်ပြည်နယ် နေရာအများအပြားတွင် လေယာဉ် ၊ ဒရုန်းနှင့် လက်နတ်ကြီးများဖြင့် နေစဉ်မပြတ် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page