top of page

တနိုင်းလီဒိုလမ်း လဝါကျေးရွားအနီးတစ်ဝိုက်တွင် စစ်ရေးတင်းမာနေ

  • Writer: Pajau Media
    Pajau Media
  • Apr 14, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၄ ဧပြီ ၂၀၂၅ .



 KIA တပ်မဟာ၂ တပ်ရင်း ၂၀ ဒေသ လဝါရွာ အနီး ခွန်ဆိုင်ယာန်ကျေးရွာတွင် ဧပြီလ ၁၃ ရက်မနက်ပိုင်းအချိန်တွင် မင်းဇေသန့်ပြည်သူ့စစ်တပ်များနှင့် KIAတပ်များ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်းနေကြောင်းသိရသည်။


စစ်ကောင်စီ လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့များသည် ခွန်ဆိုင်ယာန်ရွာတစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားနေသောကြောင့် KIA ပူးပေါင်းတပ်ဖွဲ့များခုခံလုံခြုံရေးယူနေစဉ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်၊၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များသည် လွန်ခဲ့တဲ့ ဧပြီလလဆန်းပိုင်းကတည်းက တနိုင်းလီဒိုလမ်တစ်လျောက်တွင် စစ်ရေးလှုပ်ရှားနေသည့်အပြင် လဝါကျေးရွာတွင်တပ်စွဲနေရာယူပြီး ပတ်ဝန်းကျင်နေရာများတွင်လက်နတ်ကြီးရမ်းသမ်းပစ်နေသည်ကို KIA ပူးပေါင်းတပ်များကတိုက်ထုတ်နိုင်ခဲ့သည်၊၊


စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်များသည် ဧပြီး ၄ရက်နေ့ကစပြီး တနိုင်းလီဒိုလမ်း ဝါရာဇွပ်ရွာတွင်တပ်စွဲနေရာယူပြီးစစ်ရေးလှုပ်ရှားမှုဆက်တိုက်ပြုလုပ်နေသည့်အပြင် နေအိမ်များကိုလည်းမီးရှို့ဖျက်စီးမှုများလည်းပြုလုပ်ခဲ့ကြောင်းသိရသည်၊၊


သတင်း-ပီလမ့် အူ


Comments


Pajau Media

Thanks for subscribing!

bottom of page