top of page

တပ်မဟာ ၁၁ ရွှေကူဒေသဘက် နှစ်ဖက်စစ်ရေး တင်းမာနေ

  • Writer: Pajau Media
    Pajau Media
  • May 25
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊မေလ၊၂၀၂၆။


KIAအမှတ် ၁၁ တပ်မဟာ၊ အမှတ် ၁၂ တပ်ရင်း၊ ရွှေကူဒေသ မာနားလေးကျေးရွာဝန်းကျင်တွင် ယမန်နေ့ မေလ၂၄ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ချိန်ခန့်မှစ၍ စစ်ကော်မရှင်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။


စစ်ကော်မရှင်တပ် ခလရ ၁၂၁ တပ်စခန်းမှ KIA ပူးပေါင်းတပ်ဖွဲ့များ နေထိုင်သည့် ဒေသဘက် သေနတ်ကြီး/သေနတ်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် ပူးပေါင်းတပ်ဖွဲ့များ ခုခံတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားလာကြောင်း သိရသည်။


မေလ၂၃ ရက်နေ့တွင်လည်း နံနက် ၈ နာရီ ၃၀ မိနစ်မှ ညနေ ၂ နာရီဝန်းကျင်အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။


ငအူးကျေးရွာအတွင်း တပ်စခန်းချထားသည့် ခလရ ၁၂၁ တပ်စခန်းမှ KIA ပူးပေါင်းတပ်ဖွဲ့များ နေထိုင်ရာ ဒေသဘက် စစ်ကြောင်းထိုးလှုပ်ရှားနေသောကြောင့် နေ့စဉ် လက်နက်ကြီး/လက်နက်ငယ်၊ ဒရုန်းများနှင့် တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်တပ်ဖွဲ့ အပြန်အလှန် စစ်ရေးတင်းမာနေကြဆဲ ဖြစ်ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page