top of page

တရုတ်နယ်စပ် ကံပိုင်တည်ဒေသတွင် ပြည်သူ့စစ်များ အပြင်းအထန် တပ်သားစုဆောင်းနေ

  • Writer: Pajau Media
    Pajau Media
  • Oct 14, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၄ရက်၊အောက်တိုဘာ၊၂၀၂၄။



တရုတ်နယ်စပ်၊ ကံပိုင်တည်ဒေသတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များမှ ဒေသခံများကို တပ်သားစုဆောင်းရေး ပြင်းပြင်းထန်ထန် လုပ်ဆောင်နေသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

အောက်တိုဘာလဆန်းပိုင်းကတည်းက ကံပိုင်တည်ဒေသတွင် စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့် ပြည်သူ့စစ်တပ်ဖွဲ့များက နေအိမ်တစ်အိမ်မှတစ်ဦး ပြည်သူ့စစ်တပ်သား မလုပ်မနေရဟူသည့် ခေါင်းစဉ်ဖြင့် တပ်သားစုဆောင်းရေးကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။


ပြည်သူ့စစ်တပ်ဖွဲ့များသည် ကျေးရွာအတွင်း လူငယ်နှင့် လူလတ်ပိုင်းများကို အဓိကရည်ရွယ် စုဆောင်းသည့်အပြင် နေအိမ်၊ စားသောက်ဆိုင်များအထိ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။


ယခုကဲ့သို့ တပ်သားများကို အပြင်းအထန် ဖမ်းဆီးစုဆောင်းနေခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့များအတွက် စစ်အင်အားတိုး ဖွဲ့စည်းနိုင်ရန်ဖြစ်နိုင်သည်ဟု ယင်းဒေသခံများက သုံးသပ်ပြောဆိုကြသည်။


ပြည်သူ့စစ်တပ်ဖွဲ့၏ တပ်သားစုဆောင်းလုပ်ဆောင်မှုများကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေရပြီး၊ မြစ်ကြီးနား-ကံပိုင်တည်သွားလမ်းတလျှောက် သွားလာသည့် ပြည်သူများအတွက်လည်း သတိဖြင့်သွားလာလှုပ်ရှားနေရသည်ဟု ဒေသခံများက ပြောသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page