top of page

တရုတ်နယ်စပ်တွင် နောက်ဆုံးကျန်ရှိနေသည့် ကံပိုင်တည်မြို့ကို KIA မှသိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • Nov 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၁ရက်၊နိုဝင်ဘာ၊၂၀၂၄။





ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်ဖွဲ့၏ နောက်ဆုံးကျန်ရှိနေသည့် နယ်စပ်ကုန်သွယ်ရေးမြို့ ကံပိုက်တည်မြို့ကို KIA ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ နိုဝင်ဘာ၂၀ရက် ညနေ၅နာရီအချိန်ခန့်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။


KIA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များသည် နိုဝင်ဘာ၂၀ရက် နံနက်၉နာရီ၃၀မိနစ်မှစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်လာခဲ့ရာ ညနေ၅နာရီအချိန်တွင် KIA ပူးပေါင်းတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။


ကံပိုင်တည်မြို့သည် ဦးဇခုန်တိန့်ယိန်းထိန်းချုပ်နယ်မြေ နယ်ခြားစောင့်တပ်ဒေသဖြစ်ပြီး၊ ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ်ရှိ အဓိကကုန်သွယ်ရေးမြို့တော်လည်း ဖြစ်သည်။


ထို့အပြင် ဗန်းမော်ခရိုင် မိုးမောက်ဒေသတွင်လည်း စစ်ကောင်စီက စစ်အင်အားအလုံးအရင်းဖြင့် ခြေကျင်ဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း နေ့စဉ် စစ်ကြောင်းထိုးလှုပ်ရှားနေသောကြောင့် ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)နှင့် ထိတွေ့တိုက်ပွဲ များပြင်းထန်နေဆဲ ဖြစ်နေကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page