top of page

တရုတ်-မြန်မာနယ်စပ်တွင် တစ်ခုတည်းကျန်ရှိနေသော ကန်ပိုင်တည်မြို့ကို KIA ပူးပေါင်းတပ်ဖွဲ့များ စတင်တိုက်ခိုက်

  • Writer: Pajau Media
    Pajau Media
  • Nov 20, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၀ရက်၊နိုဝင်ဘာ၊၂၀၂၄။





KIA ပူးပေါင်းတပ်ဖွဲ့ များမှာ လွန်ခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှ စတင်ပြီး တရုတ်နယ်စပ်တစ်လျှောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်တပ်ဖွဲ့များ၏ အရေးကြီး တပ်စခန်းနေရာအားလုံးကို သိမ်းယူနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကန်ပိုင်တည်မြို့အနီးတွင်လည်း နိုဝင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှစတင်ကာ သေနတ်သံများကြားနေရကြောင်း မြေပြင်သတင်းအရင်းမြစ်ထံမှ သိရသည်။


လက်ရှိအခြေအနေမှာ တိုက်ပွဲဖြစ်ပွားနေပြီ လို့ပြောလို့ မရသေးကြောင်း ၊ ကန်ပိုင်တည်မြို့ထဲတွင် ရှိနေသည့် စစ်ကောင်စီတပ်မှ KIA ပူးပေါင်းတပ်ဖွဲ့များ ဝင်လာနိုင်မည့်လမ်းဘက်ကို လက်နက်ကြီး လက်နက်ငယ်များနှင့် ဆက်တိုက်ပစ်နေသည့် အခြေအနေဖြစ်ကြောင်း သိရသည်။


စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေသောကြောင့် ထွက်ပြေးတိမ်းရှောင်သည့် ပြည်သူများလည်းရှိကြောင်း၊ လက်ရှိမှာ ကန်ပိုင်တည် အနီးတဝိုက်တွင် KIA ပူးပေါင်းတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုများရှိနေပြီး နှစ်ဖက်စစ်‌ရေးတင်းမာသည့် အခြေအနေဖြစ်ကြောင်းလည်း သိရသည်။


တရုတ်နယ်စပ်တစ်လျှောက်ကို KIA မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာလအတွင်း တရုတ်နယ်စပ်နှင့်ထိစပ်နေသော ပန်ဝါမြို့ကို KIA သိမ်းပိုက်ရရှိခဲ့ပြီး နယ်စပ်ဂိတ်အားလုံးကို တရုတ်အစိုးရက ပိတ်ပင်လိုက်သည်။


ကန်ပိုင်တည်နယ်စပ်ဂိတ်ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှာပဲ တရုတ်အစိုးရက ပြန်လည်ဖွင့်ပေးထားပြီး စက်သုံးဆီမှလွဲ၍ စားသောက်ကုန်နှင့် ကုန်ပစ္စည်းတစ်ချို့ကိုကချင်ပြည်နယ်ထဲသို့ ပြန်လည်ဝင်ခွင့်ပြုပေမယ့် ကချင်ပြည်နယ်အတွင်း က အခြားနယ်စပ်ဂိတ်များကို ပိတ်ပင်ထားဆဲဖြစ်သည်။


တရုတ်အစိုးရဘက်မှ နယ်စပ်ငြိမ်းချမ်းရေးအတွက် ကန်ပိုင်တည်မြို့ကိုတိုက်ခိုက်ခြင်းမပြုလုပ်ရန် ပြောဆိုမှုများရှိခဲ့သော်လည်း KIA ဘက်မှ နယ်စပ်တစ်လျှောက်ကို သိမ်းပိုက်နိုင်မှသာလျှင် နယ်စပ်တည်ငြိမ်အေးချမ်းမှာ ဖြစ်သည့်အတွက် ဆက်လက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page