top of page

ထွက်ပြေးစွန့်ခွာသွားကြသော ဗန်းမော်ဒေသခံများ၏ နေအိမ်နှင့်ဆိုင်ခန်းများ ဖောက်ထွင်းခံနေရ

  • Writer: Pajau Media
    Pajau Media
  • Dec 12, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၂ရက်၊ဒီဇင်ဘာ၊၂၀၂၄။



တိုက်ပွဲပြင်းထန်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဗန်းမော်ဒေသခံများ၏ နေအိမ်နှင့် စတိုးဆိုင်၊ဈေးဆိုင်များမှ ပစ္စည်းများကို လူအချို့ဖောက်ထွင်းခိုးယူခံနေရသည်ဟု ဒေသခံများထံမှ သိရသည်။


တိုက်ပွဲပြင်းထန်လာသည့် ဒီဇင်ဘာ၄ရက်နေ့မှစပြီး ဒေသခံပြည်သူများ လွှတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြချိန် လူသူနေထိုင်ခြင်းမရှိသည့် နေအိမ်များနှင့် ဈေးဆိုင်၊စတိုးဆိုင်များမှ ပစ္စည်းများကို လူအချို့က သုံးဘီး၊ဆိုင်ကယ်များဖြင့် စိတ်ကြိုက်ခိုးယူနေကြကြောင်း သိရသည်။


လတ်တလောတွင် ဗန်းမော်ဒေသခံအများစု စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး မြို့ပေါ်တွင်လူအနည်းစုသာ ကျန်ရှိနေခြင်းကြောင့် နေအိမ်အများစု ဖောက်ထွင်းခံနေရခြင်းဖြစ်သည်ဟု ဆိုသည်။



တစ်ပတ်ကျော်လာပြီဖြစ်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၈ရက်မြောက်နေ့ ယနေ့ ဒီဇင်ဘာ၁၂ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်သည့်အပြင် တိုက်ပွဲအတွင်း လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု (၅၀) ဝန်းကျင်ရှိနေပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၀၀) ဝန်းကျင်အထိ ရှိနိုင်ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရှိရသော်လည်း အဆက်အသွယ်အခက်အခဲကြောင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။


လက်ရှိ ဗန်းမော်မြို့ပေါ်ရှိ ရပ်ကွက်အတော်များများကို KIA ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့်၊ တစ်မြို့လုံးအား သိမ်းယူထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း ထပ်မံသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page