top of page

ထွက်ပြေးတိမ်းရှောင်သွားသော ခေါင်လန်ဖူးဒေသရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ချို့လက်နက်ချ အလင်းဝင်

  • Writer: Pajau Media
    Pajau Media
  • Nov 12, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၂ရက်၊နိုင်ဝင်ဘာ၊၂၀၂၄။



ကချင်ပြည်နယ်အတွင်း KIA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီကြား တရုတ်နယ်စပ်တစ်လျှောက် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ နိုဝင်ဘာ (၁၀) ရက်နေ့ တွင် ခေါင်လန်ဖူး ပြည်သူ့စစ်များ စခန်းချ နေရာယူထားသည် လန်ဆယ်ကျေးရွာကို KIA ပူပေါင်းတပ်များဝင်ရောက်လာချိန် ထွက်ပြေးတိမ်းရှောင်သွားသည့် ပြည်သူ့စစ်တပ်သားတစ်ချို့ လက်နက်ချ အလင်းဝင်လာကြောင်း ရှေ့တန်းသတင်းအရင်းအမြစ်မှသိရသည်။


လက်နက်ချအလင်းဝင်လာသူများ ၁၀ဦးထက်မနည်းရှိပြီး အလင်းဝင်ရန် ဆက်သွယ်နေသည့် သူများလည်းရှိနေသေးကြောင်း Kagabu Peoples Force (KPF) မှထုတ်ပြန်ထားသည်။ လက်ရှိတွင် KIA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားပြီဖြစ်သည့် လန်ဆယ် ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေးများဆက်လက် လုပ်ဆောင်နေကြောင်းသိရသည်။


KIA ပူးပေါင်းတပ်ဖွဲ့များက တရုတ်နယ်စပ်တစ်လျှောက် နေရာတော်တော်များများကို သိမ်းပိုက်ထားပြီ ဖြစ်ပြီး သိမ်းပိုက်ထားပြီဖြစ်သည့် နယ်မြေများတွင် KIO အုပ်ချုပ်ရေးယန္တယား စတင်လည်ပတ်နေပြီ ဖြစ်သည်။ နိုဝင်ဘာ ၄ ရက်နေ့မှာလည်း ချီဖွေမြို့နယ်အတွင်း က ကန်ဖန့် ကျေးရွာဘက်မှာ လှုပ်ရှားနေသည့် ပြည်သူ့စစ် တပ်သား ၁၀၀ ဝန်းကျင်ခန့်သည် လက်နက်ချ အလင်းဝင်လာသည့်အတွက် ကန်ဖန့်ကျေးရွာ ကို တိုက်စရာမလိုပဲသိမ်းပိုက် လိုက်နိုင်တာဖြစ်ကြောင်း သိရသည်။


အောက်တိုဘာ ၂၅ ရက်နေ့ တွင် ကျရောက်ခဲ့သည့် KIO အထိမ်းအမှတ် နှစ်ပတ်လည် နေ့တွင် KIO ဥက္ကဌ ဗိုလ်ချုပ်အင်ဘန်လ မှ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ကို လက်နက်ချပြီး အတူတကွ ပူးပေါင်းပါဝင်မှု များ လုပ်ဆောင်ရန်ထပ်မံ သတိပေးလိုက်ပြီးနောက် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များ အလင်းဝင်ပူးပေါင်းမှုများ ပိုမိုရှိလာကြောင်းသိရသည်။




စက်တင်လာလ နောက်ဆုံးအပတ်မှ စ၍ ကချင်အထူးဒေသ (၁) အပါအဝင် တရုတ်နယ်စပ်တစ်လျှောက်ကို KIA ပူးပေါင်းတပ်ဖွဲ့များထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နေရာတော်တော်များများကို သိမ်းပိုက်ပြီးဖြစ်သည်။ လက်ရှိတွင် တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ကံပိုင်တည်မြို့ တစ်မြို့သာ ကျန်ရှိနေတော့ကြောင်းလည်းသိရသည်။



Comments


Pajau Media

Thanks for subscribing!

bottom of page