top of page

ထရန်ဒမ်းအုပ်စု၊ နမ်ဆဘွမ့်ကျေးရွာတွင် ရွှေတူးဖော်မှုကြောင့် ပျက်စီးသွားသည့် လယ်မြေများကို ပြန်လည်ပြုပြင်ရန် တောင်းဆို

  • Writer: Pajau Media
    Pajau Media
  • Apr 1, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ဆွမ်ပရာဘွမ့်မြို့နယ်၊ ထရန်ဒမ်းအုပ်စု၊ နမ်ဆဘွမ်ကျေးရွာတွင် လုပ်ငန်းရှင်ကြီးများ၏ စက်ယန္တယားကြီးများဖြင့် ရွှေတူးဖော်လုပ်ကိုင်ခဲ့ခြင်းကြောင့် ဒေသခံများ လယ်ယာမြေ ဧကပေါင်း (၅၀)ကျော် ပျက်စီးဆုံးရှံးခဲ့ရပြီး၊ ပြန်လည်ပြုပြင်ပေးရန် တောင်းဆိုနေကြသည်။


"နမ်ဆဘွမ်ရွာမှာ စက်ကြီးတွေနဲ့ နှစ်လကျော်လောက် ရွှေလာတူးသွားတယ်။ ရွာသားတွေကလည်း ကန့်ကွက်လို့လည်းမနိုင်ဘူး။ အရင်လ ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာပဲ စစ်သားတွေလာလို့ အားလုံးထွက်ပြေးသွားကြပြီ။ သူတို့တူးထားတဲ့ နေရာတစ်ဝိုက်က လယ်တွေအားလုံးပျက်စီးတယ်၊‌ ဆည်မြောင်းတွေလည်း ပျက်သွားတယ်။ ပြန်လည်းမပြင်ထားပေးဘူး ဘယ်လောက်ပြောပြော ပြန်မလာတော့ဘူး။” ဟု နမ့်ဆဘွမ်ဒေသခံတစ်ဦးက ပြောသည်။


ဒေသခံများမှာ ယင်းရွှေတူးဖော်မှုများကြောင့် ချိုင့်ဝှမ်းချိုင့်ခွက်များအဖြစ် ပျက်စီးသွားခဲ့သည့် ရွှေလုပ်ကွက်နေရာများတွင် မြေပြန်ဖို့ခြင်းများဖြင့် ပြန်လည်ပြုပြင်ပေးစေလိုသော်လည်း လုပ်ငန်းရှင်များမှာ ဒေသခံများ မဟုတ်ဘဲ အခြားဒေသမှ လာရောက်လုပ်ကိုင်ကြသူများသာ ဖြစ်ကြောင်း သိရသည်။


ထရန်ဒမ်းအုပ်စုရှိ နမ့်ဆဘွမ့်ကျေးရွာတွင် စက်ယန္တယားကြီးများဖြင့် ရွှေတူးဖော်လုပ်ကိုင်ကြသည်မှာ နှစ်လနီးပါး ကြာမြင့်ခဲ့ပြီး၊ လုပ်ငန်းရှင်သူဌေးကြီးမှာ အားလုံးပေါင်း ၅ဦးအထက် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

နမ်ဆဘွမ်ကျေးရွာတွင် ယမန်နှစ် နှစ်ကုန်ပိုင်းလောက်မှစ၍ ရွှေအခဲများ ထွက်ရှိကြောင်း နာမည်ကြီးလာရာမှ အချိန်တစ်ခဏတာအတွင်း ရွှေမှော်စီကားလာခဲ့ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် စစ်ကောင်စီ၏ စစ်သားစုဆောင်းရေး လုပ်ဆောင်လာခြင်းကြောင့် ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။


သတင်း - မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page