top of page

ဒေါက်တာခလမ်ဆမ်ဆွန် ထပ်မံထိန်းသိမ်းခံရ

  • Writer: Pajau Media
    Pajau Media
  • Apr 18, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊ ဧပြီလ၊ ၂၀၂၄ခုနှစ်။




မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီလ ၁၇ရက်နေ့တွင် မြစ်ကြီးနား အကျဉ်းထောင်မှ လွတ်လာသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ယမန်နေ့ည ၁၀နာရီဝန်းကျင်တွင် တစ်ဖန်ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။


“မနေ့ည အိမ်မှာလူစုလူဝေးပုံစံဖြစ်နေလို့ ည၉နာရီကျော်လောက်က အရပ်ဝတ်နဲ့ ဒီနေ့ပြန်လွတ်ပေးမယ် ဆိုပြီးခေါ်သွားတာ အခုထိမလွတ်လာသေးဘူး။” ဟု နီးစပ်သူတစ်ဦး ပြောပြချက်အရ သိရသည်။



ဒေါက်တာခလမ်ဆမ်ဆွန်သည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ နေ့လည်၁နာရီအချိန်တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော် လည်း ယမန်နေ့ ည၁၀နာရီဝန်းကျင် အချိန်ခန့်တွင်ပင် စစ်ကောင်စီမှ အရပ်ဝတ်နှင့် ရောက်လာကာ တစ်ဖန်ပြန်လည် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။


စစ်ကောင်စီမှ ဒေါက်တာခလမ်ဆမ်ဆွန်၏ နေအိမ်တွင် အရပ်ဝတ်ဖြင့် ရောက်ရှိလာပြီး မေးမြန်းစစ်ဆေးစရာရှိခြင်းကြောင့် နောက်တစ်နေ့ ပြန်လည်လွတ်ပေးမည်ဖြစ်‌ကြောင်း ပြောဆိုကာ ခေါ်ဆောင်သွားကြောင်း သိရသည်။


ဒေါက်တာခလမ်ဆမ်ဆွန်သည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၅ရက်နေ့တွင် ကျန်းမာရေးအတွက် ဆေးစစ်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်ရန်ပြင်နေချိန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရခြင်း ဖြစ်ပြီး၊ ယမန်နေ့ ဧပြီလ ၁၇ရက်နေ့တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခြင်း ဖြစ်သည်။ သို့သော် ည၁၀နာရီဝန်းကျင်အချိန်၌ပင် တစ်ဖန်ပြန်လည် ထိန်းသိမ်းခံလိုက်ရခြင်း ဖြစ်ကြောင်းသိရှိရပါသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page