နိုင်ငံတ၀န်း အကျဥ်းသား ၁၅၀၀ ကျော် လွတ်ငြိမ်းခွင့်ရ
- Pajau Media

- Apr 30
- 1 min read
ပါဂျောင်မီဒီယာ
၃၀ရက်၊ ဧပြီလ၊ ၂၀၂၆။

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်းများမှ အကျဉ်းသား/သူ စုစုပေါင်း (၁၅၀၀) ကျော်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်းသိရသည်။
ယနေ့ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ပြည်သူများ စိတ်နှလုံးအေးချမ်းစေရန်၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပြန်လည်ပါဝင်နိုင်စေရန်နှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့် လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခြင်းဖြစ်သည်။
မြစ်ကြီးနားမြို့မှလည်း အကျဥ်းကျနေသူ အမျိုးသား (၃၂) ဦး၊ အမျိုးသမီး၊ (၂) ဦး စုစုပေါင်း (၃၄) ဦး လွတ်မြောင်ခဲ့ကြောင်းသိရသည်။
အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးလိုက်သော်လည်း နိုင်ငံရေးအကျဉ်းသားများ အနည်းငယ်လောက်သာပါဝင်သည်။
လွတ်ငြိမ်းခွင့်ပေးလိုက်သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ထပ်မံပြစ်မှုကျူးလွန်ပါက ကျန်ရှိသည့်ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်း - ဇော်




Comments