top of page

နောင်စွန်းကျေးရွာရှိ လွမ်းသွယ်(၁)အား လမ်းမြေတိုးချဲ့သဖြင့် နေအိမ်အဆောက်အဦးတစ်ချို့ ရွေ့ပြောင်းပေးရ

  • Writer: Pajau Media
    Pajau Media
  • Jan 14, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၄ရက်၊ဇန္နဝါရီ၊၂၀၂၅။




မိုးညှင်းမြို့၊ နောင်စွန်းကျေးရွာရှိ လမ်းသွယ်(၁)လမ်းအား လမ်းအကျယ် တဖက် (၃)ပေစီချဲ့လိုက်သောကြောင့် လမ်းမြေအဖြစ် သတ်မှတ်သည့်နေရာနှင့်မလွတ်သည့်အိမ်များကို ရွှေ့ပေးရန် ပြောဆိုလာသည်ဟု ဒေသခံများက ပြောသည်။


လမ်းမြေသတ်မှတ်ကာ ရွှေ့ပြောင်းရသည့် ဒေသခံတစ်ဦးက “လမ်းသွယ်(၁)က လမ်းကျဉ်းလို့ဆိုပြီး နောင်စွန်း အောက်ဂျိုင့်မှာနေတဲ့သူတွေက လမ်းချဲ့ပေးဖို့ လမ်းစည်ပင်ကို မြေတောင်းထားတာ တစ်နှစ်‌လောက်ရှိပြီ၊၂၀၂၅ခုနှစ် ပထမအပတ်မှာ လမ်းချဲ့မယ်ဆိုပြီး စည်ပင်ကလာပြောတယ်၊ ဇန်နဝါရီလ(၁၅)ရက်‌နေ့အပြီး ရွေ့ပေးဖို့ ပြန်ပြောလာတယ်” ဟု ပြောသည်။


ဇန္နဝါရီ(၁၅)ရက်နေ့တွင် နောက်ဆုံးထား ရွှေ့ပေးဖို့ စည်ပင်သာယာရုံးမှ ပြောလာသောကြောင့် အချို့အဆောက်အဦးများနှင့် အုတ်တံတိုင်းများ ဖြိုချပေးရပြီး၊ ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်းကို....


“တစ်ချို့အိမ်တွေက ခြံစည်းရိုးနားအပြည့် ဆောက်ထားတာ့ အိမ်တွေပါ ဖျက်ပေးရတယ်၊ အုတ်တံတိုင်းဖြိုတာတွေ၊ အဆောက်အဦး ဖျက်ပြီး ပြင်တာတွေက ခုခေတ်ကုန်ဈေးနှုန်းနဲ့ဆို ဘယ်လွယ်ပါ့မလဲ၊ ပိုက်ဆံမရှိလဲ သူတို့က ရွေ့ဆို‌တော့ ချေးငှားပြီးရွေ့ရတာပေါ့၊"ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။


လမ်းမြေချဲ့ရာတွင် အိမ်ခြံမြေနောက်ဆုတ်ပေးရသည့် အိမ်ခြေစုစုပေါင်း (၄၀)နီးပါးရှိပြီး၊ ဂရန်ပေါက် အိမ်ခြံမြေများ ဖြစ်သော်လည်း နစ်နာဆုံးရှုံးမှုအတွက် သက်ဆိုင်သည့် အစိုးရမှ နစ်နာကြေးပေး ဖြေရှင်းပေးခြင်း မရှိကြောင်းထပ်မံသိရှိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page