top of page

နှစ်ဖက်တိုက်ပွဲများကြောင့်စစ်ရှောင်နေကြရပြီဖြစ်သည့်ဆွမ်ဘရာဘွမ်မြို့နယ်ပြည်သူများ

  • Writer: Pajau Media
    Pajau Media
  • Mar 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ

 ၁၁ရက်၊ မတ်လ၊ ၂၀၂၄ခုနှစ်။



ဆွမ်ဘရာဘွမ်မြို့နယ်အတွင်း မတ်လ(၈)ရက်နေ့မှစတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့်၊ ဆွမ်ဘရာဘွမ်မြို့ခံပြည်သူအချို့တစ်ဝက်ခန့်သည်ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရပြီး အချို့သောပြည်သူများသည်မြို့ထဲမှာပင်ပိတ်မိနေဆဲဖြစ်ကြောင်းသိရှိရသည်။


"မလိယာန်စခန်းသိမ်းတဲ့နေ့မှာပဲဆွမ်ဘရာဘွမ်မြို့ကရဲစခန်းလည်းKIA/KPDFတွေထဲ အလင်းဝင်သွားကြတယ်၊ မြို့ထဲကပြည်သူတွေလည်း ဘေးလွတ်ရာ ပူတာအို-မြစ်ကြီးနားလမ်းဘက်တွေ အတိုင်းထွက်ပြေးကြတာ၊ အခုလက်ရှိမြို့ထဲမှာကျန်နေသေးတဲ့ပြည်သူတွေအများကြီးက လည်းလမ်းပိတ်ပြီဆိုတော့အဲ့မှာပဲပိတ်မိနေကြပြီ"ဟုပူတာအိုဘက်သို့တိမ်းရှောင်လာသည့်အမျိုးသမီးတစ်ဦးမှဆိုသည်။


ထို့အပြင်ပူတာအိုနှင့် ဆွမ်ဘရာဘွမ်ကြားရှိဆွမ်ပီယာန်၊အင်ဆိုင်းယာန်နှင့် ခင်ဒူယာန်ကျေးရွာများမှ ဒေသခံပြည်သူများသည်လည်း စကစတပ်များစစ်ရေးလှုပ်ရှားမှုပြုလုပ်လာခြင်း၊ လမ်းတကြောတွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများရှိလာသည်ဖြစ်၍ စစ်ရှောင်ရန်ပြင်ဆင်နေကြရသည်ဟုဆိုသည်။


"ငါတို့ကဘယ်ဖက်ကိုပြေးရမလဲမသိဘူး၊စစ်တပ်ကလည်းရွာသားတွေကိုဘယ်မှမထွက်ရအမိန့်ချထားတယ်၊ရွာထဲအထိတိုက်ပွဲတွေဖြစ်လာဖို့ကသေချာနေပြီ၊ အဝင် အထွက်လမ်းတွေလည်းအကုန်ပိတ်လိုက်လို့အရမ်းစိုးရိမ်တယ်"ဟုဆွမ်ပီယာန်ရွာသားတစ်ဦးမှဖုန်းဖြင့်ပြောကြားလာသည်။


ပူတာအို-မြစ်ကြီးနားကားလမ်းကို ၉.၃.၂၀၂၄ နေ့မှပိတ်လိုက်သည်ဖြစ်ပြီးဘယ်အချိန်ပြန်ဖွင့်မည်ကို မသိရသေးကြောင်း၊ အချို့သောသတင်းစကားများအရတစ်လတိတိပိတ်မည်ဟုလည်းကြားသိရကြောင်း ကားသမားတစ်ဦးကဆိုသည်။ ကားလမ်းပိတ်လိုက်သည့်အတွက်လမ်းမှာ ပိတ်မိနေသည့်ခရီးသည်ကား၊ ကုန်ကားများလည်းအများအပြား‌ရှိနေသေးကြောင်းသိရှိရသည်။


ဆွမ်ဘရာဘွမ်မြို့နယ်အတွင်းစစ်ပွဲဖြစ်ပွားသည့်နေ့ ၈.၃.၂၀၂၄မှစပြီးပူတာအိုမြို့ဖက်မှစစ်ကူဆင်းလာသည့် စကစနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များကိုဆွမ်ပီယာန်ရွာနားတွင် ကြားဖြတ်တိုက်ခိုက်သည့် တိုက်ပွဲများလည်း ဖြစ်ပွားနေဆဲဖြစ်သည်။


သတင်း- မလိခူး

Comments


Pajau Media

Thanks for subscribing!

bottom of page