top of page

နှစ်လတာအတွင်း ကချင်ပြည်နယ်၌ အရပ်သား(၃၀)ဦး သေဆုံးပြီး ၄၂ ဦး ဖမ်းဆီးခံရ

  • Writer: Pajau Media
    Pajau Media
  • May 4
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊ မေလ၊ ၂၀၂၆။



ကချင်ပြည်နယ်တွင် နှစ်လတာအတွင်း အရပ်သားပြည်သူသေဆုံးမှု အနည်းဆုံး ၃၀ ဦးရှိခဲ့ပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရကာ၊ ၄၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ကချင်ပြည်နယ်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Kachin Human Rights Watch – KHRW)၏ လစဥ် အစီရင်ခံစာမှ သိရသည်။


စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ ဖမ်းစီးမှုများနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှုများကြောင့် အရပ်သားများ ထိခိုက်၊ သေဆုံးခဲ့ရသည်ဟု ဆိုသည်။


သေဆုံးမှုထဲတွင် ဖားကန့်မြို့နယ်သည် ၁၅ ဦးဖြင့် သေဆုံးမှုအများဆုံးဖြစ်ပြီး ဗန်းမော်မြို့နယ်တွင် ၁၂ ဦး၊ မိုးညှင်းတွင် ၂ ဦး၊ မြစ်ကြီးနားတွင် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


စစ်ကောင်စီက မြစ်ကြီးနားမြို့နှင့် ဖားကန့်မြို့တို့တွင် အရပ်သားပြည်သူများကို မတရားဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဧပြီလ ၁ ရက်နေ့၌ မြစ်ကြီးနားမြို့တွင် အရပ်သား ၇ ဦးကို ဖမ်းဆီးခဲ့ပြီး ဖားကန့်မြို့တွင် ဆရာဝန်တစ်ဦးအပါအဝင် ပြည်သူ ၃၄ ဦးကို ဖမ်းဆီးခဲ့ကာ နှစ်လတာအတွင်း အရပ်သား ၄၂ ဦး ဖမ်းဆီးခံခဲ့ရသည်။


မတ်လ ၁၃ ရက်နေ့တွင်လည်း ဗန်းမော်မြို့အနီးတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦးသေဆုံးခဲ့ရပြီး၊ မတ်လ ၁၆ ရက်နေ့က ဖားကန့်မြို့၊ မှော်စီစာကျေးရွာတွင် အမည်မသိလက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး၊ ဧပြီလ ၂၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ဖားကန့်ဒေသက လူငယ် ၈ ဦး သတ်ဖြတ်ခံခဲ့ရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page