နေ့စဥ်လေယာဥ်မပြေးဆွဲသလို လက်မှတ်ဈေးနှုန်းလည်း မြင့်တက်နေလို့ ပြည်သူများခက်ခဲ
- Pajau Media

- Apr 28
- 1 min read
ပါဂျောင်မီဒီယာ
၂၈ရက်၊ဧပြီ၊၂၀၂၆။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နေ့စဥ်လေယာဥ်မပြေးဆွဲသည့်အပြင် လေယာဉ်လက်မှတ်ဈေးနှုန်းများ အဆမတန်မြင့်တက်နေပြီး လက်မှတ်များဝယ်ယူရန်လည်း ခက်ခဲနေကြောင်း သိရသည်။
မြစ်ကြီးနားလေဆိပ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း လေကြောင်းလိုင်းများမှာ ယခင်ကဲ့သို့ နေ့စဉ်ပြေးဆွဲခြင်းမရှိသည့်အပြင် လေယာဉ်လက်မှတ်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေသည်ဟု ဆိုသည်။
ထို့အပြင် လက်မှတ်ဈေးနှုန်းများ မြင့်မားလာသော်လည်း လက်မှတ်များမှာ ဝယ်ယူရန် ခက်ခဲနေကြောင်း သိရသည်။
လက်ရှိ မြစ်ကြီးနားမြို့သို့ အင်္ဂါနှင့် သောကြာနေ့တွင် MAI လေကြောင်းလိုင်း၊ ဗုဒ္ဓဟူးနှင့် တနင်္ဂနွေနေ့တွင် MNA လေကြောင်းလိုင်း၊ စနေနေ့တွင် Air သံလွင် လေကြောင်းလိုင်းတို့မှ အပတ်စဉ် ပြေးဆွဲနေသည်။
မြစ်ကြီးနား-မန္တလေး လေယာဉ်လက်မှတ်မှာ ငွေကျပ် ရှစ်သိန်းမှ ဆယ်သိန်းကြား၊ မြစ်ကြီးနား-ရန်ကုန် လေယာဉ်လက်မှတ်ခမှာ ငွေကျပ် တစ်ဆယ့်သုံးသိန်းမှ တစ်ဆယ့်ငါးသိန်းကြားအထိ ဈေးနှုန်းများ မြင့်တက်နေခြင်း ဖြစ်သည်။
သတင်း - ထုဆိုင်း




Comments