top of page

နေရပ်ရင်းပြန်ကြသည့် စစ်ရှောင်ကလေးငယ်များ စာသင်ကျောင်း အခက်အခဲရှိနေ

  • Writer: Pajau Media
    Pajau Media
  • Aug 23
  • 1 min read

ပါဂျောင်မီဒီယာ

၂၃ရက်၊ ဩဂုတ်၊ ၂၀၂၅။


ree

မြစ်ကြီးနား-ဗန်းမော်သွားလမ်း တစ်လျှောက်ကို ပြီးခဲ့သည့်နှစ် မတ်လ ၇ရက်နေ့ကတည်းက KIAပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ပွဲဆင်နွှဲကာ သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သော်လည်း လက်ရှိတွင် ကလေးငယ်များ၏ ပညာရေးအတွက် စာသင်ကျောင်းနှင့် အခက်အခဲများစွာ ရှိနေသေးကြောင်း သိရသည်။


KIAထိန်းချုပ်နယ်မြေဖြစ်သောကြောင့် နှစ်ရှည်စစ်ပြေးရှောင်တိမ်းရှောင်သွားကြသည့် ဒေသခံပြည်သူများမှာ မိမိနေရပ်ရင်းသို့ ပြန်လည်နေထိုင်သော်လည်း ကလေးငယ်များ၏ ပညာရေးအပြင် ကျန်းမာရေးနှင့် အခြားသောလိုအပ်ချက်များစွာ ရှိနေသေးသဖြင့် ခက်ခဲနေကြသည်ဟု ဆိုသည်။


ပညာရေးအတွက် စာသင်ကျောင်းကို မူလတန်းဆင့်အထိ ဖွင့်လှစ်သင်ကြားနေပေမယ့် စာသင်ကျောင်းဆောင် အခက်အခဲသောကြောင့် နေရပ်ရင်းကို မပြန်ကြသေးသည့် ဒေသခံများ၏ နေအိမ်များတွင် စာသင်ခန်းအဖြစ် အသုံးပြုသင်ကြားနေရသလို သင်ကြားပေးမည့် ဆရာ/ဆရာမ မလုံလောက်မှုများပါ ရှိနေသေးကြောင်း သိရသည်။


ထို့ကြောင့် ဒေသခံများမှာ ကျေးရွာပြန်လည်ထူထောင်ရာတွင် အခြေခံလိုအပ်ချက် အရေးကြီးဆုံးဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် လျှပ်စစ်မီးရရှိရေးများကို တာဝန်ရှိအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးရန် လိုလားသည်ဟု ဆိုသည်။


အချို့စစ်ရှောင်များမှာ မိမိနေရပ်ရင်းသို့ ပြန်လာချင်သော်လည်း ပညာရေးနှင့် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးကို စိုးရိမ်ရသောကြောာင့် မပြန်နိုင်သေးသူများလည်း ရှိနေကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page