top of page

နန့်မွန်းတောင်ထိပ် စစ်တပ်ဂိတ်တွင် အရပ်သား ပြည်သူနှစ်ဦးအား စစ်ကောင်စီမှ ပစ်ခတ်သော ကြောင့် နှစ်ဦးလုံးသေဆုံး

Writer: Pajau Media
Pajau Media
Jan 24, 2024
1 min read

ပါဂျောင်မီဒီယာ



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းတောင်ထိပ် စစ်တပ်ဂိတ်တွင် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာနေသော လူငယ်နှစ်ဦးအား စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော ကြောင့် နှစ်ဦးလုံး သေနတ်ဒါဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။


"မနေ့မနက်က ရှစ်နာရီခွဲလောက်ဘဲ ရှိသေးတယ်၊ စစ်တပ်ဂိတ်က ဆိုင်ကယ်ကို ရပ်ပြီး တွန်းခိုင်းတာ ဆိုင်ကယ်က မရပ်ဘဲမောင်းလို့ သေနတ်နဲ့ပစ်လိုက်တာ၊ နှစ်ယောက်လုံး ပွဲချင်းပြီးသေသွားတယ်၊ ပစ်ကြခတ်ကြ စစ်ကြောင်းထိုးလာ ကြနဲ့ဆိုတော့ ၂၃ရက်နေ့ ညဖက်မှာတောင် အခြေအနေပိုဆိုးလာနိုင်တယ် လို့ကြားတယ်။" ဟု နန့်မွန်းတောင်ဂိတ်ကို ဖြတ်သန်းသွားလာစဉ် ယင်းဖြစ်စဉ်နဲ့ကြုံခဲ့ရသည့် အမျိုးသမီးတစ်ဦးမှ တမြန်နေ့၌ ပါဂျောင်မီဒီယာသို့ ဖြေဆိုထားခြင်း ဖြစ်သည်။


ယင်းဖြစ်စဉ်အား ဒေသခံများကို ဆက်သွယ်၍ မေးမြန်းရာ သေဆုံးသွားသော လူနှစ်ဦးသည် ဘယ်ဒေသကမှန်း ယခုချိန်ထိ မသိရှိရသေးကြောင်း ထပ်မံသိရသည်။


နန့်မွန်းတောင် စစ်တပ်ဂိတ်တွင် ကုန်တင်ယာဉ်များအား ဂိတ်ကြေးကောက်ခံနေပြီး ဆိုင်ကယ်များ ဖြတ်သန်းသွားလာစဉ် ဆိုင်ကယ်ဆင်း မတွန်းသူများအား မကြာခဏ ဆိုသလိုပင် ဆဲဆိုကြိမ်းမောင်းနေကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page