top of page

နန့်ယားစစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်‌မြောက်ရေးတပ်(KIA) ထိုးစစ်ဆင် တိုက်ခိုက်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 9, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၉ရက်၊ဧပြီလ၊ ၂၀၂၄ခုနှစ်။


ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာတွင် အခြေစိုက်နေထိုင်သည့် နန့်ယားစစ်ကောင်စီ တပ်စခန်းအား ကချင်လွတ်‌ေမြာက်ရေးတပ်(KIA)မှ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။


ယနေ့ ဧပြီလ ၉ရက်နေ့ နံနက်၆နာရီအချိန်ခန့်မှစ၍ မြစ်ကြီးနား-ဖားကန့်သွား ကားလမ်းရှိ နန့်ယားကျေးရွာတွင် အခြေစိုက်နေထိုင်သည့် ခ.မ.ရ (၁၂၀) တပ်ရင်းကို KIAအမှတ်(၉)တပ်မဟာနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။


နှစ်ဖက်စစ်တပ်မှ တိုက်ပွဲပြင်းထန်နေချိန်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)မှ တိုက်ပွဲဖြစ်ပွားနေသည့် နန့်ယားကျေးရွာတွင် ဂျက်လေယာဉ်နှင့် တိုက်ခိုက်ပစ်ကူနေသည့်အပြင် လက်နက်ကြီးများဖြင့်လည်း အကြိမ်များစွာ ပစ်ကူနေသည်ဟု ဆိုသည်။


ယနေ့နံနက်မှ စတင်တိုက်ခိုက်သည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူ အများအပြား လုံခြုံသည့် ဘေးလွတ်ရာနေရာသို့ ထွက်ပြေးနေကြရပြီး၊ ဒေသခံများအား ထွက်ပြေးတိမ်းရှောင်ရန် ပြောဆိုထားသည်မှာ တစ်လနီးပါး ကြာမြင့်လာပြီ ဖြစ်သောကြောင့် လက်ရှိကျေးရွာအတွင်း ဒေသခံများ မရှိသလောက် ဖြစ်နေသည်ဟု ဆိုသည်။


ထို့အပြင် ယင်းတိုက်ပွဲများကြောင့် လမ်းသွားလမ်းလာ ကားလမ်းများလည်း ပိတ်ပင်ထားခဲ့ပြီ ဖြစ်ကြောင်း ထပ်မံသိရှိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page