top of page

နန့်ယားတိုက်ပွဲကြောင့် ပိတ်ပင်ထားခဲ့သည့် မြစ်ကြီးနား-ဖားကန့်သွား ကားလမ်း ယနေ့ပြန်ဖွင့်

  • Writer: Pajau Media
    Pajau Media
  • Apr 16, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။


မြစ်ကြီးနား-ဖားကန့်သွား ကားလမ်းကို နှစ်ဖက်စစ်တပ်၏ ထိတွေ့တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဧပြီလ ၉ရက်နေ့တွင် ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားခဲ့ရာ ရက်သတ္တပတ်ကြာပြီး ယနေ့ ဧပြီလ ၁၆ရက်နေ့ နံနက်ပိုင်းအချိန်ခန့်မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီ ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ပြီးခဲ့သည့် ဧပြီလ ၉ရက်နေ့တွင် ဖားကန့် နန့်ယားကျေးရွာ အခြေစိုက်သည့် ခ.မ.ရ (၁၂၀) တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်သောကြောာင့် ကားလမ်းများအား ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။


ထို့နောက် ဧပြီလ ၁၁ရက်နေ့တွင် KIA မှ အပြီးတိုင် တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး၊ ယင်းဒေသဝန်းကျင်အတွင်း နယ်မြေရှင်းလင်းရေးအား ဆက်တိုက်လုပ်ဆောင်လာခဲ့ကာ ၇ရက်ကြာမြင့်ပြီး ယနေ့တွင် မြစ်ကြီးနား- ဖားကန့်သွား ကားလမ်းကို ပြန်လည်ဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။




Comments


Pajau Media

Thanks for subscribing!

bottom of page