top of page

နမ့်ကော့န်တပ်စခန်းကို KIAမှ တိုက်ခိုက်သိမ်းယူပါဂျောင်မီဒီယာ

  • Writer: Pajau Media
    Pajau Media
  • Mar 19, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊မတ်လ၊၂၀၂၄ခုနှစ်။




ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၏ အမှတ် (၂) တပ်မဟာ၊ အမှတ် (၁၄) တပ်ရင်းအုပ်စုရှိ နမ့်ကောန့်စစ်ကောင်စီတပ်စခန်းကို KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့မှ ယမန်နေ့ မတ်လ (၁၈)ရက် နံနက်ပိုင်းအချိန်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေပိုင်းအချိန်မှသာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။


ဗိုလ်ကြီးနေရဲလင်း ဦးဆောင်သော ခ.လ.ရ (၂၉၇)နှင့် ခ.လ.ရ (၃၁၈) ပူးပေါင်းတပ်ဖွဲ့တို့ကို KIA မှ နံနက်ပိုင်း ၅နာရီအချိန်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တနိုင်း(ဒကစ) တပ်စခန်းမှလည်း လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ကူခဲ့သည်ဟု ဆိုသည်။


ထို့အပြင် လေယာဉ်ဖြင့် သုံးကြိမ်ထက်မနည်းလာရောက်၍ ဗုံး၅လုံးထက်မနည်း လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ည၈နာရီအချိန်မှသာ ယင်းတပ်စခန်းကို KIAဘက်က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ထပ်မံသိရသည်။


နမ့်ကောန့်စစ်တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်တော်(KIA)က တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သော်လည်း အရေးကြီးသည့် တပ်စခန်း၃ခု ကျန်ရှိနေသေးသောကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။


ပြီးခဲ့သည့် မတ်လ ၇ရက်နေ့မှစ၍ ယနေ့အချိန်ထိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် စစ်ကောင်စီတပ်စခန်းပေါင်း (၃၀) ကျော်ကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး၊ စစ်ပွဲအတွင်းမှ စစ်သုံ့ပန်း (၃၀၀) ကျော်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။


သတင်း - ဟူးကောင်း


Comments


Pajau Media

Thanks for subscribing!

bottom of page