နမ္မားညောင်ပင်သာရွာတွင် စစ်ကောင်စီမှရမ်းသမ်းပစ်ခတ်လိုက်သောလက်နက်ကြီးကျရောက် ပေါက်ကွဲပြီးတစ်ဦးထိခိုက်ဒါဏ်ရာရကာ တစ်ဦးသေဆုံး
- Pajau Media

- Jan 29, 2024
- 1 min read
ပါဂျောင်မီဒီယာ
၂၉/၁/၂၀၂၄

ကချင်ပြည်နယ်မိုးညှင်းမြို့နယ် နမ္မားနန့်စလော်တောင် တွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်လိုက်သောကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီးတစ်ဦးဒါဏ်ရာရရှိသွားကြောင်း သိရသည်။
"ဦးမြင့်ဖေက ဆိုင်ကယ်နဲ့လယ်တောဖက်သွားတာ၊လက်နက်ကြီးကလဲ ဒီရက်ပိုင်းခဏခဏထုနေတာဆိုတော့ နားစွင့်လိုက် နဲ့ သတိထားသွားလာေနကြတာ၊နမ္မားညောင်ပင်သာမှာ လက်နက်ကြီးကျလို့ လူသေတာလဲ ကြားတာဘဲ၊အလုပ်နဲ့ဆိုတော့ မသွားရင်လဲမဖြစ်ဆိုတော့ သွားလာနေကြရတယ်။ ခြေထောက်ထိခိုက်ဒါဏ်ရာရသွားတဲ့သူက မိုးညှင်းဆေးရုံမှာ"ဟု နာကူအသင်းမှအမည်မဖော်လိုသူတစ်ဦးကပြောသည်။
သေဆုံးသူမှာ အသက်၅၉နှစ်ရှိပြီဖြစ်ပြီး တောင်သူလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ကြောင်း ထပ်မံ သိရသည်။
သတင်း - ကချင်ပြည်သား




Comments