နမ္မားညောင်ပင်သာရွာတွင် စစ်ကောင်စီမှ ရမ်းသမ်း ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး လူသေဆုံး ၊ထိခိုက်ဒါဏ်ရာရသူများပြား
- Pajau Media

- Jan 29, 2024
- 1 min read
ပါဂျောင်မီဒီယာ
၂၉,ဇန်နဝါရီလ,၂၀၂၄ခုနှစ်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားညောင်ပင်သာရွာတွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး အမျိုးသားနှစ်ဦး၊ အမျိုး သမီး တဦးနှင့် ကလေးငယ်တဦးသေဆုံးသွားကြောင်း သိရသည်။အမျိုးသားလေးဦးနှင့် ကလေးငယ်တဦးသည် ဒါဏ်ရာပြင်းထန်သောကြောင့် ဆေးရုံတင်ထားရကြောင်းသိရသည်။
" သူကစပါးတိုက်ပြီးအိမ်ပြန်ရောက်ခါစဘဲရှိသေးတယ်၊ ရေနွေးကြမ်းသောက်ရင်း နားနေတုန်း လက်နက်ကြီးကျည်လာမှန်တာ၊လူကပူထူပြီးဘာလုပ်ရမှန်းမသိတော့ဘူး၊ ထုနေတာတော့ နေ့လည်သုံးနာရီလောက်ကထဲကဘဲ ၊သူ့ကိုလာထိတာက ငါးနာရီလောက်တော့ရှိပြီ၊ဒါဏ်ရာကပြင်းလို့ မြစ်ကြီးနားဆေးရုံကိုသယ်လာရတယ်။"ဟု ထိခိုက်ဒါဏ်ရာပြင်းထန်စွာရရှိသွားသူ အမျိုးသားတဦး၏ အုပ်ထိန်းသူကပြောသည်။

ထိခိုက်ဒါဏ်ရာရသူ တွေထဲတွင် သားအမိသုံးယောက်ပါရှိပြီး အသက်၃၅နှစ် အရွယ် မိခင်နှင့်သမီးအငယ်၇နှစ်တို့ပွဲခြင်းပြီးသေဆုံးကာ သမီးအကြီး၁၃နှစ်သည် မိုင်းစထိမှန်ဒါဏ်ရာဖြင့် မိုးညှင်းဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်းသိရသည်။
နမ္မားတဝှိုက်တွင် ယခုရက်ပိုင်းအတွင်း၌ ရှမ်းနီပြည်သူ့စစ်များခြေရှုပ်နေလျှက်ရှိပြီး စုဆောင်းရေးဆွဲခြင်း ၊အိမ်အတွင်းသို့ဝင်ရောက်ရှာဖွေခြင်းများပြုလုပ်နေကြောင်းသိရသည်။
သတင်း - ကချင်ပြည်သား




Comments