top of page

နမ္မားဘူတာရုံတွင် မီးရထားသုံးတွဲ မီးလောင်မှု ဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • Mar 20, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊မတ်လ၊၂၀၂၄ခုနှစ်။





ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ္မားကျေးရွာတွင် ယနေ့ မတ်လ ၂၀ရက် ညနေ၅နာရီချိန်ခန့်၌ ဘူတာရုံအတွင်း ရပ်နားထားသော မီးရထားတွဲသုံးတွဲ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း နမ္မားဒေသခံများထံမှ သိရသည်။


“ကျမတို့က အင်ကြင်းကုန်းကနေ ပြန်လာကြတာ နမ္မားဘူတာနားရောက်တော့ မီးကတအားလောင်နေတာ။ မီးသတ်ကားလဲ ရောက်မလာခင် ဖူဆယ်ကွင်းမှာ ဘောလုံးကန်နေကြတဲ့ ကလေးတွေ မီးဝိုင်းငြိမ်းနေကြတယ်၊ နေကတအားပူတော့ မီးကလဲတော်တော်များတယ်၊ ရထားတွဲထဲမှာက ခရီးသည်ထိုင်တဲ့ ကျွန်းထိုင်ခုံတွေရှိတော့ တအားလောင်နေတာ” ဟု မီးလောင်ကျွမ်းမှုကို မျက်မြင်တွေ့ခဲ့သော ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။


အဆိုပါ မီးလောင်ကျွမ်းမှုသည် မူးယစ်ဆေးသမားများ ဆေးသုံးနေစဉ် ဖယောင်းတိုင်မီးမှ အိမ်ယာခင်းပေါ်သို့ ကျကာ စတင်လောင်ကျွမ်းခြင်း ဖြစ်သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။


အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရထားများ ပြေးဆွဲခြင်းကို ရပ်ဆိုင်းထားသော်လည်း မီးရထားတွဲများအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် အိမ်ခြေယာမဲ့များက လာရောက်နေထိုင်လျက်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page