top of page

နမ္မတီးဒေသရှိ ဖားကန့်-ဆိုင်းဖရာစစ်ရှောင်များအတွက် အကူအညီများလိုအပ်

  • Writer: Pajau Media
    Pajau Media
  • Oct 28
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ree

နမ္မတီးဒေသတွင် တိမ်းရှောင်လာသည့် ဖားကန့်-ဆိုင်းဖရာကျေးရွာ ဒေသခံများအတွက် အစားအသောက်နှင့် အခြားအခြေခံလိုအပ်သည့် အသုံးစရိတ် ပစ္စည်းများ အရေးတကြီးလိုအပ်လာကြောင်း စစ်ရှောင်များက ပြောသည်။


စစ်ရှောင်ဒေသခံများမှာ စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ ရှာဖွေစားသောက်ရန် ခက်ခဲလာသည့်အပြင် ပါလာသည့်ပိုက်ဆံနှင့် အစားအသာက်များလည်း ကုန်လာပြီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများလည်း ပါလာကာ အဖက်ဖက်မှ ခက်ခဲကြပ်တည်းလာသည်ဟု ဆိုသည်။


လက်ရှိစစ်ရှောင်စခန်းအတွင်း အဓိကလိုအပ်နေသည်မှာ အစားအသေက်၊ ဆေးဝါး၊ အသုံးစရိတ်၊ အိုးခွက်ပန်းကန်အပြင် ဆောင်းရာသီရောက်လာသောကြောင့် အနွေးထည်၊ စောင်နှင့် နေ့စဉ်ဝတ်ဆင်ရမည့် အဝတ်အစားများထိပါ အရေးတကြီးလိုအပ်လာကြောင်း သိရသည်။


အဆိုပါစစ်ရှေင်များမှာ တိုက်ပွဲကြောင့် ဖားကန့်သွားလမ်း ဆိုင်းဖရာကျေးရွာမှ အိမ်ခြေ(၁၉)အိမ်မှ လူဦးရေ (၈၉)ဦးတို့ဖြစ်ကြပြီး၊ စစ်ရှောင်ရန်နေရာ မလုံလောက်သောကြောင့် အချို့ဒေသခံများမှာ မိုးကောင်းမြို့ဘက် ဆက်လက်တိမ်းရှောင် နေထိုင်ကြသူကာ အချို့မှာ ဆွေမျိုးနေအိမ်များတွင် ကိုယ်ထူကိုယ်ထ နေထိုင်နေကြသည်။


ထို့အပြင် အချို့မှာ မြစ်ကြီးနား ဂျော်မဆပ်စစ်ရှောင်စခန်းတွင် အိမ်ခြေအိမ်ခြေ(၈၁)အိမ်က ရွှေ့ပြောင်းနေထိုင်နေကြကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page