top of page

နမ္မတီးမြို့၊ကံလှရေကြည်ချောင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ တရားခံ(၁)ဦးအားဖမ်းဆီးရရှိထား

  • Writer: Pajau Media
    Pajau Media
  • Mar 4, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၄ရက်၊မတ်လ၊၂၀၂၅။




မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ကံလှရေကြည်ချောင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို သေနတ်တစ်လက်စီ ကိုင်ဆောင်ထားသူ(၄)ဦးမှ ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ရက်နေ့တွင် ရေတွင်းဂွေလုပ်ရောင်းသည့် နေအိမ်တစ်အိမ်၌ အမျိုးသားနှစ်ဦးနှင့် လိင်တူကြိုက်သည့်အမျိုးသားနှစ်ဦး စုစုပေါင်းလေးဦးတို့မှ သေနတ်တို တစ်လက်စီကိုင်ဆောင်ကာ ဝင်ရောက်ဓါးပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ သေနတ်များတွင် သေနတ်တစ်လက်သာ အစစ်ဖြစ်ပြီး ကျန်သုံးလက်မှာ အတုများဖြစ်ကြောင်းနှင့် အိမ်ရှင်များကြောက်လန့်အောင် ဟန်ဆောင်ခြိမ်းခြောက် ငွေညှစ်ယူခဲ့ကြောင်း သိရသည်။


တရားခံ(၄)ဦးတွင် နမ္မတီးမြို့ရှိ ဆေးဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦးလည်း ပါဝင်ပြီး၊ ၄င်းကို နမ္မတီးမြို့ ရဲစခန်းမှ လိုက်လံဖမ်းဆီးရမိထားပြီးဖြစ်ပေမယ့် ကျန်သုံးဦးကိုတော့ ဆက်လက်ရှာဖွေ နေသည်ဟု ဆိုသည်။


ကချင်ပြည်နယ် နေရာအနှံ့တွင် ယခုရက်ပိုင်းအတွင်း ဓါးပြတိုက်မှုအပြင် ခိုးဆိုးလုယက်မှုများ၊ ဒုစရိုက်မှုများနှင့် လူအသတ်ခံရသည့် ဖြစ်စဉ်များမှာ တစ်ပတ်လျှင် အနည်းဆုံးတစ်မှုဖြင့် နေ့စဉ်ဖြစ်ပွားနေကြောင်း ဒေသခံများ ပြောသည်။


သတင်း - MK


Comments


Pajau Media

Thanks for subscribing!

bottom of page