နမ္မတီးမြို့တွင်းရှိ Starlink Wifi စက်များ ပိတ်သိမ်းရန် လိုက်လံပြောဆိုခံရ
- Pajau Media

- Aug 12, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၂ရက်၊ ဩဂုတ်၊ ၂၀၂၅။

ကချင်ပြည်နယ်၊ နမ္မတီးမြို့တွင် ပြီးခဲ့သည့်အပတ်မှစ၍ Starlink Wifi စက်များ ပိတ်သိမ်းရန် သေနတ်ကိုင်ဆောင်ထားသူများက လိုက်လံပြောဆိုနေကြောင်း သိရသည်။
''' Starlink Wifi မရတာ ဒီနေ့နဲ့ဆိုရင် လေးရက်ရှိပြီ။ မြို့တွင်းက Wifi ဆိုင်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း ပိတ်ဖို့လိုက်ပြောတာ။ သေနတ်တွေလည်း လွယ်ထားတယ်လို့ပြောတာပဲ။ ဘယ်လောက်ထိ ပိတ်မယ်ဆိုတာတော့ မသိဘူး။" ဟု အမည်မဖော်လိုသူတစ်ဦးက ပြောပြသည်။
ဒေသခံများမှလည်း သေနတ်ကိုင်ဆောင်သူများမှ စတားလင့်၀ိုင်ဖိုင်တပ်ဆင်ထားသည့် နေအိမ်၊ဆိုင်များကို ပိတ်သိမ်းရန် လိုက်လံပြောဆိုကြပြီး၊ စက်သိမ်းယူသွားခြင်းမျိုး မရှိသေးကြောင်းနှင့် အခွန်ကောက်ရန် ပြင်ဆင်လာခြင်း ဖြစ်နိုင်သည်ဟု ပြောဆိုကြသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း ခေါင်လန်ဖူးမြို့နယ်တွင် စတားလင့်၀ိုင်ဖိုင်စက်များကို ပြည်သူ့စစ်များက အထက်ညွန်ကြားချက်ဖြင့်ဟုသိမ်းယူသွားခဲ့ကြောင်း သိရသည်။
သတင်း - ထိန်နိုင်




Comments