top of page

နမ္မတီး သကြားစက်ရုံဝန်းအတွင်း နေထိုင်သည့် စစ်ရှောင်များ ရေပြည့်လျှံသောကြောင့် ခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • Aug 7
  • 1 min read

ပါဂျောင်မီဒီယာ

၇ရက်၊ ဩဂုတ်၊ ၂၀၂၅။



ဖားကန့်လမ်းတစ်လျှောက် တိုက်ပွဲကြောင့် ရှောင်တိမ်းလာသည့် စစ်ရှောင်ပြည်သူများ နေထိုင်ရာ နမ္မတီးသကြားစက်ရုံတွင် မိုးရေပြည့်လျှံလာသဖြင့် စစ်ရှောင်ပြည်သူများ အလွန်ခက်ခဲနေကြကြောင်း သိရသည်။


စစ်ရှောင်ပြည်သူများ လာရောက်ခိုလှုံကြသည့် နမ္မတီးသကြားစက်ရုံဝင်းမှာ မြေနိမ့်ပိုင်းဖြစ်ပြီး၊ မိုးရေများထွက်ပေါက်မရှိ ရေဝပ်နေသောကြောင့် ရေပေါ်နေထိုင်ရသည့် အခြေအနေဖြစ်ကာ အိမ်သာအခက်အခဲ၊ နေရာထိုင်ခင်းနှင့် ရေချိုးခန်းများ အလွန်ခက်ခဲနေသည်ဟု ဆိုသည်။


လက်ရှိ ရေဘေးကြုံတွေ့နေရသည့် စစ်ရှောင်နေရာများမှာ လဝါးကက်သလစ်အသင်းသူအသင်းသားများ နေထိုင်နေသည့် သကြားစက်ရုံဝင်းနှင့် နမ္မတီး-ဝါအောင်ကျေးရွာမှ ပြည်သူများ နေထိုင်ရာ စစ်ရှောင်နေရာများ ဖြစ်ကြောင်း သိရသည်။ သို့သော် နမ္မတီး-ကန်းလှနှင့် ခွမ်စိုင်ယန် ပြည်သူများ နေထိုင်ရာမှာတော့ ရေဘေးမကြုံရကြောင်းလည်း သိရသည်။


အဆိုပါစစ်ရှောင်များအတွက် လက်ရှိ အစားအသောက်၊ ဆေးဝါးပစ္စည်းများ၊ သောက်ရေသန့်နှင့် အိမ်သာအခက်အခဲများ ရှိနေသည်။


လက်ရှိ ကချင်ပြည်နယ် နေရာအနှံအပြား မိုးများသောကြောင့် ရေဘေးဒဏ်ကြုံတွေ့နေပြီး၊ နမ္မတီးစစ်ရှောင်စခန်းအပါအဝင် အခြားနေရာ အများစုများတွင် အလွန်ခက်ခဲနေကြကြောင်း စစ်ရှောင်ပြည်သူများ ပြောသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page