top of page

ပျက်စီးနေသော လိုင်ဇာ-မိုင်ဂျာယာန်လမ်းပိုင်းအား တာဝန်ရှိသူများမှ ပြင်ဆင်နေ

  • Writer: Pajau Media
    Pajau Media
  • Aug 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၁၊ ၈၊၂၀၂၄။



KIO ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့နှင့် မိုင်ဂျာယာန်မြို့သွား၊ ပျက်စီးနေသည့် ကားလမ်းပိုင်းများကို ပြီးခဲ့သည့် ဩဂုတ်လ ၈ရက်နေ့မှစတင်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လမ်းပြုပြင် မွမ်းမံနေကြောင်း သိရသည်။


ပြီးခဲ့သည့် ဇူလိုင်လကတည်းကစပြီး ပျက်စီးခဲ့ရသည့် ကားလမ်းပိုင်းကြောင့် တစ်ရက်သာသွားရသည့် ခရီးလမ်းကို တစ်ညအိပ်ခရီးဖြင့် သွားလာနေကြရကြောင်းနှင့် Pajero၊ Paradoနှင့် 4xWheels ကားအမြင့်များဖြင့်သာ ခက်ခက်ခဲခဲ သွားလာနေကြရသည့်အပြင် အိမ်စီးကားအနိမ့်များမှာ ဖြတ်သန်းသွားလာခြင်း မပြုနိုင်ကြောင်း သိရသည်။


လိုင်ဇာ-မိုင်ဂျာယာန်သွားလမ်းမှာ ဒေသခံများအတွက် အဓိကမိန်းလမ်းကြောင်းဖြစ်သည့်အပြင် လမ်းခရီးခက်ခဲကြမ်းတမ်းသောကြောင့် ယခင်အချိန်တွင် တရုတ်ငွေယွမ်တစ်ရာကျော်၊ မြန်မာငွေတစ်သိန်းကျော်ဖြင့် သွားလာခဲ့ကြပေမယ့် ယခုအချိန်မှာတော့ တရုတ်ငွေနှစ်ရာကျော်၊ မြန်မာငွေဖြင့် ကျပ်နှစ်သိန်းကျော်အထိ လမ်းစရိတ်ကုန်ကျကာ သွားလာနေကြရသည်ဟု ဆိုသည်။


လိုင်ဇာ-မိုင်ဂျာယာန်ကားလမ်းသည် ပြီးခဲ့သည့် ဇူလှိုင်လကတည်းက မိုးများသောကြောင့် တောင်ပြို၊ကမ်းပြိုဖြစ်ပြီး ကားလမ်းပိုင်းများ အက်ကြောင်းဖြစ်ကာ ပျက်စီးခဲ့ရကြောင်း ကားသမားများထံမှ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page