top of page

ပျောက်ဆုံးနေသည့် အသက်၄နှစ်အရွယ် သမီးငယ်လေးအား တစ်ပတ်နီးပါးကြာလာချိန်အထိ ရှာမတွေ့သေး

  • Writer: Pajau Media
    Pajau Media
  • Jul 24, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၄ရက်၊ဇူလိုင်၊၂၀၂၅။



မြစ်ကြီးနားမြို့၊ ရှဒေါင်ကျေးရွာ၊ ရပ်ကွက်(၁)မှ အသက်(၄)နှစ်အရွယ် မအဲလစ်ဂျာဆိုင်းနွယ်အား ဇူလိုင်(၁၉)ရက်နေ့တွင် အသက်(၃၀)အရွယ် အမျိုးသားနှစ်ဦးမှ ခေါ်ဆောင်သွားရာ လက်ရှိအချိန်ထိ အဆက်အသွယ်မရသောကြောင့် မိသားစုများ စိုးရိမ်ကာစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။


အဲလစ်ဂျာဆိုင်းနွယ်မှာ အဘွားဖြစ်သူနှင့်နေထိုင်နေချိန် ကချင်နှင့်ဗမာအမျိုးသားနှစ်ဦးမှ သမီးအဖေ၏သူငယ်ချင်းဖြစ်ကြောင်း၊ သမီးအဖေမှ တွေ့ချင်သဖြင့် လာခေါ်တွေ့ခြင်းဖြစ်ကြောင်း နေအိမ်အထိလာရောက်ပြောဆိုခေါ်ယူသွားခဲ့သည်ဟုသိရသည်။


ထို့နောက် သမီးလေးအား မုန့်၀ယ်ကျွေးမည်ဟုဆိုကာ နေအိမ်မှဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားရာ လက်ရှိအချိန်ထိပျောက်ဆုံးနေသည်မှာ တစ်ပတ်နီးပါးကြာမြင့်လာပြီဖြစ်ကြောင်း မိသားစု၀င်များကပြောကြားလာသည်။


မြစ်ကြီးနားမြို့တွင် ကလေးငယ်ပျောက်ဆုံးမှုများ ပိုမိုများလာသည့်အပြင် ယခုကဲ့သို့ နိုင်ငံရေးပျက်စီးနေသည့် ကာလတွင် ကလေး၊လူကုန်ကူးလည်း များလာသောကြောင့် မိဘများသတိထားရမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။


ပျောက်ဆုံးနေသည့် အဲလစ်ဂျာဆိုင်းနွယ်ကို မိသားစုများ ဆက်တိုက်ရှာဖွေနေဆဲဖြစ်သည့်အပြင် မိဘပြည်သူများအနေဖြင့်လည်း တွေ့ရှိခဲ့ပါက ဖုန်း-၀၉၃၃၀၅၂၀၃၁ ကို အကြောင်းကြားပေးရန် အကူအညီတောင်းဆိုထားကြသည်။


သတင်း- ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page