top of page

ပူတာအို၊ခေါင်လန်ဖူးဒေသတွင်မိုးသည်းထန်စွာရွာသွန်းနေသောကြောင့် ပူတာအို-ခေါင်လန်ဖူး ကားလမ်းပိုင်းပျက်စီးကာ လယ်ယာလုပ်ငန်းလုပ်ကိုင်ရန်အခက်တွေ့နေ

  • Writer: Pajau Media
    Pajau Media
  • May 6, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၆ရက်၊မေလ၊၂၀၂၅။



ပူတာအိုဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ပူတာအို-ခေါင်လန်ဖူးလမ်း ပျက်စီးကာ သွားလာရေးခက်ခဲနေသည့်အပြင် ဒေသခံများ လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲလာနိုင်သဖြင့် စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောသည်။


“ ဒီနှစ်က ဇန္နဝါရီလကတည်းကကို မိုးများနေတာ။ ခေါင်လန်ဖူးသွားတဲ့ဘက်ဆို လမ်းတွေတော်တော်ကို ဆိုးရွားနေတယ်။ သွားလာလို့တောင်မရဘူး။ လူသေတဲ့ထိ ဖြစ်တယ်လို့ကြားတယ်။ ဒီအတိုင်းဆို လယ်လုပ်ချိန်ရောက်လာရင် ရေကြီးပြီးမလုပ်နိုင်မှာပဲ စိုးရိမ်နေတယ်။” ဟု ပူတာအိုရပ်မိရပ်ဖတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် ဧပြီလလယ်လောက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် လမ်းတော်တော်များများ မြေပြိုပျက်စီးမှု ဖြစ်ပွားခဲ့သလို မိုးများသောကြောင့် ဒေသခံများ လယ်ယာလုပ်ငန်းဝင်ချိန် ဖြစ်ပေမယ့် သွားလာရေးနှင့် ရေများခြင်းကြောင့် လယ်လုပ်ရန် အခက်အခဲဖြစ်ရသည်ဟု ဆိုသည်။


မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်မှလည်း လာမည့် မေလ၁၇ရက်မှ၁၉ရက်နေ့အထိ ကချင်ပြည်နယ်အပါအဝင် တိုင်း/ပြည်နယ် အတော်များများတွင် မိုးများနိုင်သောကြောင့် ရေကြီးနိုင်ဖွယ်ရှိသည်ဟု ထုတ်ပြန်ထားသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page