top of page

ပူတာအိုဒေသ တစ်နှစ်ပြီးတစ်နှစ် တောင်ယာလုပ်ကိုင်ရန် ခက်ခဲလာဟုဆို

  • Writer: Pajau Media
    Pajau Media
  • Jul 26, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊ဇူလိုင်၊၂၀၂၅။



ပူတာအိုဒေသရှိ ဒေသခံအများစုမှာ စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်း လုပ်ကိုင်ကြပေမယ့် တစ်နှစ်ပြီးတစ်နှစ် စပါးဖျက်ပိုးကောင်နှင့် တောကြွက်ဖျက်စီးခြင်း ပိုမိုများလာပြီး စပါးအထွက်နှုန်း နည်းလာမည်ကို စိုးရိမ်သည်ဟု ဆိုသည်။


“ အရင်ကတည်းက တောင်ယာလုပ်ငန်းပဲ လုပ်ကိုင်ကြတော့ စပါးဖျက်ပိုးကောင်တွေနဲ့ ကြွက်ကြောင့် လုပ်ငန်းခက်ခဲလာတယ်။ ဘယ်လောက်လုပ်လုပ် လုပ်သလောက်မရတော့ဘူး။ အထွက်နှုန်းတွေ လျော့လာတယ်။ ဒီနှစ်လည်း ကြွက်ရန်စိုးရိမ်ရတယ်။” ဟု ဒေသခံတစ်ဦးက ပြေသည်။


ယခင်နှစ်တွင်လည်း စပါးအထွက်နှုန်း မရခဲ့သလို ယခုနှစ်တွင်လည်း စပါးဖျက်ပိုးကောင်နှင့် ကြွက်ရန်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။ ဆွမ်ပရာဘွမ်ရှိ ကျေးရွာအချို့များမှာ တောကြွက်ရောက်ရှိလာတာတွေ ရှိနေပြီဖြစ်ကြောင်း သိရသည်။


ပူတာအိုဒေသတွင် ပြီးခဲ့သည့် ၁၉၉၀ခုနှစ်နောင်းပိုင်းအချိန်များတွင်လည်း ကြွက်ရန် ဖျက်စီးမှု များပြားခဲ့သောကြောင့် ကြီးကြီးမားမား ခက်ခဲခဲ့ကြကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page