ပူတာအိုဒေသတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေ
- Pajau Media

- Apr 28
- 1 min read
ပါဂျောင်မီဒီယာ
၂၈ရက်၊ဧပြီ၊၂၀၂၆။

KIAအမှတ်(၁)တပ်မဟာ၊ အမှတ်(၇)တပ်ရင်း၊ ပူတာအိုဒေသတွင် KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧပြီ ၂၆ရက်နေ့ ၁၀နာရီ ၃၀မိနစ်ချိန်ခန့်တွင် ပူတာအိုဒေသ ဆွမ်ပီယန်၀န်းကျင်အနီး စစ်ရေးလှုပ်ရှားနေသည့် စစ်ကော်မရှင်များကို KIAပူးပေါင်းတပ်ဖွဲ့များမှ ခုခံတိုက်ပွဲဆင်နွဲခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ် အင်အား(၇၀)၀န်းကျင်က ဆွမ်ပီယန်၀န်းကျင်အနီးသို့ စစ်ရေးလှုပ်ရှားနေချိန် ၀ါဒတ်ကျေးရွာအနီးတွင် KIAက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့မှ ထိခိုက်သေဆုံးသူ များပြားခဲ့ပြီး၊ ပြန်လည်တပ်ဆုတ်ခဲ့ရကြောင်း သိရသည်။
လက်ရှိKIAအမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)နှင့် အမှတ်(၉)တပ်မဟာတို့တွင် နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲများ နေ့စဥ်ရှိနေပြီး၊ စစ်ရေးတင်းမာနေဆဲဖြစ်သည်။
သတင်း - ထုဆိုင်း




Comments