top of page

ပူတာအိုဒေသတွင် ယနေ့ဓါတ်ဆီဈေး တစ်ပုလင်းကို ၅၀၀၀၀ ကျပ်အထိ မြင့်တက်နေ

  • Writer: Pajau Media
    Pajau Media
  • May 9, 2024
  • 1 min read

ပါဂျောင်မီီဒီယာ

၉ရက်၊မေလ၊၂၀၂၄ခုနှစ်။


မြန်မာနိုင်ငံ မြောက်ဖျားပိုင်းတွင် တည်ရှိသည့် ပူတာအိုမြို့ဒေသတွင် ယနေ့ မေလ၉ရက်နေ့မှစ၍ ဓါတ်ဆီတစ်ပုလင်းအား ကျပ် (၅၀၀၀၀)အထိ မြင့်တက်ကာ ရောင်းချနေကြကြောင်း ဒေသခံများထံမှ သိရသည်။


"ဒီတစ်ပတ်အတွင်းထဲမှာပဲ ဓါတ်ဆီဈေးက တစ်ပုလင်းမှာ ၃၅၀၀၀ကျပ်ကနေ အခု ၅၀၀၀၀ကျပ်ထိ ရောက်သွားပြီ အခုဆို မြို့တွင်းမှာကား၊ ဆိုင်ကယ်တွေတောင် အသွားအလာ မရှိသလောက်ပဲရှင်းသွားပြီ။ ဒီတစ်ခေါက်လမ်းပိတ်တာက ပူတာအိုဒေသအတွက် စံချိန်တင် မှတ်တမ်းတစ်ခု ဖြစ်သွားပြီ၊ အရင်က အဲလောက်ထိ ကုန်‌ ဈေးနှုန်းမြင့်ခဲ့တာ မရှိဖူးဘူး။ တစ်ကယ်ဆိုးဆိုးဝါးဝါးဖြစ်နေပြီ" ဟု ဒေသခံ ကျောင်းဆရာတစ်ဦးက ပြောသည်။


ပူတာအို-မြစ်ကြီးနား ကားလမ်းပိတ်ထားသည်မှာ နှစ်လကျော်လာပြီးနောက် ဒေသအတွင်း ကုန်ပစ္စည်းနှင့် စက်သုံးဆီများ ပြတ်လပ်လာခြင်းနှင့် ဈေးနှုန်းများမှာ တစ်ရက်ပြီးတစ်ရက် မြင့်တက်နေခြင်း ဖြစ်သည်။


ပူတာအိုဒေသခံ ပြည်သူများမှာ ပြီးခဲ့သည့် မေလ ၅ရက်နေ့တွင် ဆွမ်ပရာဘွမ်မြို့ကို KIA/KPDFနှင့် KPF ပူးပေါင်းတပ်များမှ ထိန်းချုပ်လိုက်ပြီးနောက် လမ်းဖွင့်တော့မည်ဟု မျှော်လင့်နေခဲ့ကြသော်လည်း လက်ရှိအချိန်ထိ နှစ်ဖက်စစ်တပ်ဘက်မှ စစ်ရေးတင်းမာနေဆဲ ဖြစ်သောကြောင့် ကားလမ်းဖွင့်ရန်မှာ အလှမ်းဝေးနေခြင်း ဖြစ်ကြောင်း သိရသည်။


သတင်း- မလိခူး


コメント


Pajau Media

Thanks for subscribing!

bottom of page