top of page

ပူတာအိုဒေသရှိ ကျွဲ၊နွားများတွင် အရေပြားကူးစက်ရောဂါတစ်မျိုး ဖြစ်ပွားနေသည်ဟုဆို

  • Writer: Pajau Media
    Pajau Media
  • Aug 26, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၆၊ ၈၊၂၀၂၄။



ကချင်ပြည်နယ်၊ ပူတာအိုဒေသ လုံရှာယန်ကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ကျွဲ၊နွားများတွင် အမည်မသိ အရေပြားရောဂါတစ်မျိုး လျှင်မြန်စွာ ပြန့်နှံ့နေပြီး တစ်နေ့လျှင် အနည်းဆုံး ငါးကောင်အထိ သေဆုံးနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ဒေသခံများပြောဆိုချက်အရ လုံရှာယန်ကျေးရွာရှိ ကျွဲ၊နွားများတွင် အနာများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး၊ မည်သည့်ရောဂါတစ်မျိုးဖြစ်ကြောင်း မသိရှိရသေးဟု ဆိုသည်။


ကျွဲ၊နွားတစ်ကောင်တွင် အမည်မသိရသေးသည့် အရေပြားရောဂါ ဖြစ်ပွားပြီးလျှင် ကျန်ကျွဲ၊နွားများပါ ဆင့်ပွားကူးစက်နေသောကြောင့် လက်ရှိတွင် တစ်ရွာလုံးရှိ ကျွဲ၊နွားများအားလုံးနီးပါး ယင်းရောဂါဖြစ်ပွားလျှက်ရှိပြီး သေဆုံးမှုလည်း များနေသည်ဟု ဆိုသည်။




ထို့ကြောင့် ကျေးရွာမှ တာဝန်ရှိသူများမှာ ကျေးရွာအတွင်းရှိ ကျွဲ၊နွားများတွင် အရောပြားရောဂါ ဆင့်ကဲဖြစ်ပွားမှုနှုန်း မြင့်တက်နေသောကြောင့် ဈေးကွက်တွင် အမဲသားများ မရောင်းချကြရန်နှင့် မစားသုံးရန် ထုတ်ပြန်ထားသည်ဟု ဆိုသည်။


ဒေသခံများမှာ ကျေးရွာအတွင်းရှိ ကျွဲ၊နွားများတွင် အမည်မသိရသေးသည့် အရေပြားရောဂါ ဖြစ်ပွားမှုနှုန်းမှာ ယခုထက် ပိုမိုပြင်းထန်လာပြီး၊ ကလေးငယ်များနှင့် လူသားများထံ ပြောင်းလဲကူးစက်လာမည်ကို စိုးရိမ်နေကြကြောင်း ထပ်မံသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page