top of page

ပူတာအိုဒေသသို့ ကုန်ကားအသေးများ ဝင်ရောက်ပေမယ့် ကုန်ဈေးနှုန်း မြင့်တက်နေဆဲ

  • Writer: Pajau Media
    Pajau Media
  • Sep 3, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃၊ ၉၊၂၀၂၄။



ree

ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်း ယခင်အပတ်ကတည်းက ကုန်တင်ကားအသေးများ စတင်ဝင်ရောက်နေပြီဖြစ်ပေမယ့် ကုန်ဈေးနှုန်းများ လျော့နည်းသွားခြင်းမရှိပဲ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်း ၃၀ရက်နေ့မှစ၍ ကုန်တင်ကားအသေးများ ဝင်ရောက်နေပြီဖြစ်သော်လည်း လက်ရှိပူတာအိုဒေသအတွင်းရှိ ကုန်ဈေးနှုန်းးများမှာ ဆန်တစ်အိတ်လျှင် နှစ်သိန်းရှစ်သောင်းကျပ်၊ စက်သုံးဆီတစ်လီတာလျှင် နှစ်သောင်းကျပ်၊ ကြက်ဥတစ်ကဒ်လျှင် နှစ်သောင်းလေးထောင်ကျပ်၊ စားသုံးဆီတစ်ပိသာလျှင် သုံးသောင်းငါးထောင်ကျပ်၊ ကြက်သွန်နီ တစ်ပိသာလျှင် တစ်သောင်းနှစ်ထောင်ကျပ်နှင့် ဆားတစ်အိတ်လျှင် ငါးထောင်ကျပ်အထိ မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။


ပူတာအိုဒေသတွင် ဈေးနှုန်းမြင့်တက်နေဆဲဖြစ်သည့်အပြင် ကုန်ပစ္စည်းရှားပါးသည့် ခက်ခဲမှုမှာ ယခင်နှစ်များတွင် မကြုံဖူးကြောင်းနှင့် ယခုနှစ်တွင် အခက်ခဲဆုံးဖြစ်ကြောင်း ပူတာအိုဒေသခံများ ပြောဆိုနေကြသည်။


ထို့အပြင် စက်သုံးဆီဈေးနှုန်းလည်း မြင့်တက်ပြီး ဆက်သွယ်ရန် ဖုန်း၊အင်တာနက်လိုင်းများ ပြတ်တောက်နေဆဲဖြစ်သောကြောင့် လူမှုကူညီရေးအသင်းအဖွဲ့များမှာ ပူတာအိုဒေသအတွင်း သွားရောက်ကူညီရန် ခက်ခဲမှုများရှိနေကြောင်း သိရသည်။


အဆက်အသွယ်ပြုလုပ်ရန် MEC, Atom, Ooredoo ဖုန်းအော်ပရေတာဖုန်းလိုင်းများ အားလုံးမှာ ပြတ်တောက်နေဆဲဖြစ်ပေမယ့်၊ ညသန်းခေါင်ယံအချိန်များတွင် တစ်ခါတစ်ရံ Atomဖုန်းလိုင်းနှင့် အင်တာနက်လိုင်း အသုံးပြုနေနိုင်သည်ဟု ဒေသခံများက ပြောသည်။


ကားလမ်းပိတ်ပင်ပြီးနောက်ပိုင်း ပူတာအိုဒေသသို့ ကုန်ပစ္စည်းများကို လေကြောင်းလိုင်းဖြင့် သယ်ယူခဲ့ရသောကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း ပူတာအိုဒေသို့ ပြေးဆွဲသည့်လေကြောင်းများတွင် ခရီးသည် နှစ်ဦးမှသုံးဦးအထိသာ လိုက်ပါစီးနင်းပြီး၊ ကုန်ပစ္စည်းသယ်ယူသည့် လေကြောင်းသာ များလာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page