ပူတာအိုမှ ဆွမ်ဘရာဘွမ်မြို့နယ်သို့ စစ်ကူသွားသည့် စကစ တပ်ကို KIA/KPDF အဖွဲ့ကြားဖြတ်တိုက်ခိုက်
- Pajau Media

- Mar 9, 2024
- 1 min read
ပါဂျောင်မီဒီယာ
၉ရက်၊မတ်လ၊၂၀၂၄ခုနှစ်။

ဆွမ်ဘရာဘွမ်မြို့နယ်ဘက်သို့ စစ်ကူသွားသည့် ခလရ(၁၃၈)နှင့် ပြည်သူ့စစ် ပူးပါင်းတပ်အင်အား(၅၀) ဝန်းကျင်ခန့် ရှိသည့် စစ်ကာင်စီတပ်သည် ပူတာအိုမှကားသုံးစီးဖြင့် ဆင်းလာခဲ့ရာ ညနေ၄:၃၀နာရီအချိန်တွင် ဆွမ်ပီယာန်ကျေးရွာအနီး အီခ ေချာင်းတွင် KIAမှ ကြားဖြတ်တိုက်ခိုက်၍ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆွမ်ပီယာန်ဒေသခံများကပြောကြားလာသည်။
"ဒီမနက်ပူတာအိုကန ဆင်းလာတဲ့ စစ်တပ်က ကားသုံးစီးကို ဆွမ်ပီယာန်မရာက်ခင်မှာပဲ လမ်းမှာဖြတ်တိုက်လိုက်တာ၊ အခုမှပဲ သေနတ်သံတွေ ငြိမ်သွားပီ၊အသေအပြောက် သတင်းတော့ မကြားရသေးဘူး" ဟု ဆွမ်ပီယာန်ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့ မတ်လ ၉ရက်နေ့ နံနက်၈ နာရီတွင် ဆွမ်ဘရာဘွမ်မြို့နယ်၊ မလိယာန်တပ်စခန်းကို KIA/KPDF ပူးပါင်းတပ်မှ တိုက်ခိုက်သိမ်းပိုက်လိုက်သည် ဖြစ်ကြာင်းသိရှိရသည်။
သတင်း- မလိခူး




Comments