top of page

ပူတာအိုမြို့တွင် ဒေသထွက် ကုန်ဈေးနှုန်းများပါ ယခင်ဈေးထက် သုံးဆအထိ မြင့်တက်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 18, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊ဧပြီလ၊ ၂၀၂၄ခုနှစ်။




ree

ကချင်ပြည်နယ်၊ ပူတာအိုမြို့အတွင်း စက်သုံးဆီများ ပြတ်လပ်နေပြီး ကုန်ဈေးနှုန်းများ မြင့်တက်နေသည့်အပြင် ဒေသထွက် ကုန်စည်ဈေးနှုန်းများလည်း ပုံမှန်ထက် သုံးဆအထိ မြင့်တက်နေသည်ဟု ဒေသခံများက ပြောသည်။


"ခါတိုင်း ငါးရာဖိုး(၃)စည်းရောင်းတဲ့ ကန်စွန်းရွက်၊ မုံညှင်း၊ နံနံပင်စတဲ့ ကုန်စိမ်းတွေ အခုဆို ငါးရာဖိုးတစ်စည်းနဲ့ ရောင်းနေရပြီ၊ ဒါတောင်မကိုက်တော့ဘူး၊ ငရုပ်သီးစိမ်းတစ်ဗူးကို ပုံမှန်ဈေးဆိုရင် ငါးရာပဲ၊ အခုတော့ သုံးထောင်ကျပ် အနည်းဆုံးရောင်းနေရတယ်။” ဟု ပူတာအိုမြို့မရပ်ကွက် မနက်ဈေးမှ ကုန်စိမ်းသည်တစ်ဦးက ပြောသည်။


ယခုကဲ့သို့ ဒေသထွက်ကုန် ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ မြို့ပြနှင့်ဝေးသည့် ဒေသများမှ လာရောက် ရောင်းချကြရသည့်အပြင် ပူတာအိုမြို့တွင်း စက်သုံးဆီ ဈေးမြင့်တက်ကာ ပြတ်လပ်လာခြင်းကြောင့်ဖြစ်သည်ဟု အထက်ပါ ဒေသခံက ဆက်လက်ပြောပြသည်။


“ဘာလို့လဲဆိုတော့ ကျွန်မတို့က ရွာကနေ ဒီအထိလာရောင်းရတယ်။ ဆီဈေးက အနည်းဆုံးနှစ်သောင်း၊ သုံးသောင်းကျပ်ဖိုးမှ မထည့်ရင်မရဘူး။ အခုဆိုရင် ဆီရောင်းတဲ့သူတွေတောင် မရှိတော့ဘူး။ အဲ့ဒါကြောင့် ဈေးတင်ရောင်းနေရတယ်၊ ဒါတောင်မှ အရှုံးကပိုများနေတယ်။"




ပူတာအိုမြို့၏ မနက်ဈေးတန်းတွင် ဈေးတန်းအဖြစ် သုံးနေရာရှိပြီး၊ ဟင်းသီးဟင်းရွက် ရောင်းချသည့် ကုန်စိမ်းသည်များ အများစုမှာ ကျေးရွာဖက်မှ လာရောက်ရောင်းချသူများသာ ဖြစ်ကြောင်း သိရသည်။


မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းပိတ်ပင်ထားသည်မှာ တစ်လကျော်ကြာမြင့်လာပြီး စက်သုံးဆီ ဈေးနှုန်းများလည်း တစ်လီတာလျှင် ကျပ်နှစ်သောင်းခန့်အထိ ဈေးတင်ရောင်းချနေကြသောကြောင့် သွားလာရေးအလွန်ခက်ခဲကာ၊ ဒေသထွက် ကုန်ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာရခြင်း ဖြစ်သည်။


လက်ရှိ ပူတာအိုမြို့တွင် ဒေသထွက် ကုန်စိမ်းများဖြစ်သည့် ကန်စွန်းရွက်၊ မုံညှင်း၊ နံနံပင် စသည်တို့သည် တစ်စီး ၅၀၀ကျပ်နှင့် ငရုပ်သီးစိမ်း တစ်ဗူးလျှင် ၃,၀၀၀ကျပ်အထိ ရောင်းချနေကြကြောင်း သိရသည်။ ထို့ကြောင့် ဒေသခံများမှာ ယခုထက် လမ်းပိတ်ထားသည့်အချိန်ကြာမြင့်လာပါက စားဝတ်နေရေးအတွက် အခြေအနေ ဆိုးရွားလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။


သတင်း - မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page