top of page

ပူတာအိုမြို့နယ်တွင်း မြို့နယ်မှ ကျေးရွာအုပ်စုအဆင့်ထိ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ်

  • Writer: Pajau Media
    Pajau Media
  • May 20
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊မေလ၊၂၀၂၆။


ပူတာအိုခရိုင်အတွင်း စစ်ကော်မရှင်၏ အုပ်ချုပ်ရေးမှူးများကို မြို့နယ်အဆင့်မှ ကျေးရွာအုပ်စုအဆင့်ထိ ယနေ့မေလ၂၀ရက်နေ့ တစ်ရက်တည်းတွင် တပြိုင်နက် ရွေးချယ်ခန့်အပ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။


ပြည်နယ်အစိုးရ၏ ညွန်ကြားချက်အရ ကျေးရွာအုပ်စုအဆင့်တွင် ကျေးရွာတိုင်း၏ ဆယ်အိမ်စုကိုယ်စားလှယ်(ဆယ်အိမ်မှူး)တစ်ဦးချင်းစီ ရွေးချယ်စေကာ အုပ်စုအဆင့်အုပ်ချုပ်ရေးမှူးအသစ်မှာ အစိုးရအသစ်သက်တမ်းအတွက် မဲပေးရွေးချယ်စေခဲ့ကြောင်း ဒေသခံအုပ်ချုပ်ရေးမှူး(ငြိမ်း) တစ်ဦးက ပြေသည်။


"အခုတစ်ကြိမ်ရဲ့ အုပ်ချုပ်ရေးမှူးရွေးချယ်တာကတော့ ပထမအဆင့်အနေနဲ့ ကျေးရွာတစ်ခုစီတိုင်းရဲ့ ဆယ်အိမ်စုမှူးအရင်ရွေးခိုင်းတယ်။ ပြီးမှအဲ့ဒီဆယ်အိမ်မှူးအစုဖွဲ့ထဲက ရာအိမ်မှူးတစ်ဦးစီကို ပြန်ရွေးရတယ်၊ ‌ကျေးရွာတိုင်းက တက်လာတဲ့ ရာအိမ်မှူးတွေက အလိုအလျောက် အုပ်ချုပ်ရေးမှူးကိုယ်စားလှယ်လောင်းဖြစ်သွားတာပေါ့။ အဲ့ဒီကိုယ်စားလှယ်လောင်းတွေကို ဆယ်အိမ်မှူးကိုယ်စားပြု ပုဂ္ဂိုလ်တွေက မဲပေးရွေးချယ်ပေးရတာဟုတ်တယ်" ဟု ၎င်းကရှင်းပြသည်။


ယနေ့ မေလတွင် ပူတာအိုတစ်မြို့နယ်လုံး၏ အုပ်ချုပ်ရေးမှူး အဆင့်မဲပေးရွေးချယ်ခဲ့ပြီး ၂၁ရက်နေ့တွင် မဲစာရင်းများကို ခရိုင်အုပ်ချုပ်ရေးရုံးသို့ တင်ပြကြရမည်ဖြစ်ပြီး မေလအတွင်း ပြည်နယ်အစိုးရအဆင့်သို့ ရောက်ရှိ၊ အတည်ပြုရမည်ဖြစ်ကြောင်း သိရသည်။


ပူတာအိုမြို့နယ်သည် ကျေးရွာအုပ်စု (၁၄)စုနှင့် မြို့တွင်းရပ်ကွက်(၉)ခုဖြင့် အုပ်ချုပ်ရေးအဆင့် နယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းထားသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page