top of page

ပူတာအိုမြို့နယ်၊မူလာဒီကျေးရွာအတွင်းသို့ ဆင်ရိုင်းတစ်ကောင်ဝင်ရောက်လာခြင်းကြောင့် ရွာသား(၄)ဦးသေဆုံးခဲ့ရပြီး၊နေအိမ်(၅)လုံးခန့်ပျက်စီး

  • Writer: Pajau Media
    Pajau Media
  • Apr 18, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၈ရက်၊ဧပြီ၊၂၀၂၅။





ပူတာအိုမြို့နယ် မူလာဒီကျေးရွာတွင်မှာ ဧပြီ ၁၇ရက်နေ့က ဆင်ရိုင်းတစ်ကောင်ဝင်လာသောကြောင့် ရွာသား (၄)ဦး အသက်ဆုံးရှုံးခဲ့ရသည့်အပြင် အိမ်ခြေ (၅)အိမ် ပျက်ဆီးခဲ့ရကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။


“မနေ့က တောမှာ ဖက်သွားခူးတဲ့ အဖွားနှစ်ယောက်က ရွာနားကတောမှာတွေ့တာတဲ့၊ အဲထဲက တစ်ယောက်ကိုတော့အဲဆင်နင်းသတ်လိုက်တယ််၊ ကိုယ်တောင်မှ တစ်စစီကျေသွားအောင်လုပ်သွားတာ၊ အဲ့ချိန်မှာ အဲ့ဆင်ပိုင်ရှင်တွေကို အသိပေးပြီး စစ်သားတွေကို သတ်ဖို့သွားပြောတယ်၊ စစ်သားတွေကလည်း သေနတ်ကိုင်ပြီးသွားတော့သွားတယ်၊ မပစ်ဘဲနဲ့ပြန်လည့်လာတယ်။” ဟု ပူတာအိုဒေသခံတစ်ဦ်းပြောပြသည်။


ညနေပိုင်းတွင် မူလာဒီရွာကို ဆင်ဝင်လာသောကြောင့် ရွာသူရွာသားအများစု ထွက်ပြေးသွားသော်လည်း၊ အချို့မထွက်ပြေးနိုင်သော အသက်ကြီးအဖိုး၊အဖွားများနှင့် မွေးကင်းစကလေးအမေများကို အန္တရာယ်ပြုခြင်းကြောင့် အသက်ထပ်မံဆုံးရှုံးခဲ့ရခြင်း ဖြစ်ကြောင်းသိရှိရသည်။


“ယနေ့ ညနေပိုင်းအတွင်းမှာ ရွာထဲကို ရုတ်တရက် ဆင်ဝင်လာလို့ အားလုံးထက်ပြေးသွားတယ်၊ မထွက်ပြေးနိုင်တဲ့လူတွေကို သတ်သွားတာဟုတ်တယ်၊ အိမ်တွေလည်းဖျက်စီးသွားတယ်" ဟု အဆိုပါဒေသခံကပြောသည်။


ယခု မူလာဒီရွာအနီးအနားတွင် သွားလာနေသော ဆင်မှာ ဆင်အမနှင့်ဆင်ကလေးဖြစ်ပြီး အရင်ကပူတာအိုတွင် စီပွားရေးလုပ်သောဦီးတေဇ၏ကုမ္ပဏီပိုင်ဆင်ဖြစ်ကာ ဆင်ထိန်းများကို အန္တရာယ်ပြုသောကြောင့် ရောင်းချလိုက်သောဆင်ဖြစ်ကြောင်းလည်း ဒေသခံများ၏ပြောပြချက်အရသိရသည်။


ပြီးခဲ့သည့် နှစ်တွင်လည်း မြစ်ကြီးနား - ပူတာအိုသွား ကားလမ်းရှိ ဆွမ်ပီယာန်၊ ခင်ဒူယာန် ကျေးရွာတစ်လျှောက်တွင်လည်း တောဆင်ရိုင်း ရွာအတွင်းဝင်ကာ နေအိမ်များကို ဖျက်စီးခဲ့ခြင်းများရှိသောကြောင့် ထိုဆင်အားပစ်သတ်ခဲ့ရသည့်ဖြစ်ရပ်များလည်းရှိသည်။


ယခုချိန် မူလာဒီရွာအနီးနားတစ်လျှောက် သွားလာနေသော ဆင်ကြောင့် ရွာသားများ တောတွင်းသို့သွားလာ လုပ်ကိုင်စားသောက်ရန် စိုးရိမ်ကာ တာဝန်ရှိသောသူများမှ အမြန်ဆုံးဖမ်းဆီးနှိမ်နင်းပေးရန် ဒေသခံများလိုလားနေကြကြောင်းသိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page