top of page

ပူတာအိုမြို့နယ်၊ မလိခွမ် ကျေးရွာတွင် မလိခမြစ်ကူးကြိုးတံတား ဖွင့်လှစ်ပွဲ ပြုလုပ်

  • Writer: Pajau Media
    Pajau Media
  • Dec 22, 2023
  • 1 min read

ပါဂျောင်မီဒီယာ



ree

ပူတာအိုမြို့နယ်၊ မလိခွမ် ကျေးရွာတွင် မလိခမြစ်ကူးကြိုးတံတားကို ယနေ့ ဒီဇင်ဘာ ၂၂ရက် နေ့လည်ပိုင်း ၁၀နာရီတွင် ဖွင့်လှစ်ပွဲ ပြုလုပ်ခဲ့ပြီး၊ ဖွင့်ပွဲအခမ်းအနားသို့ အသင်းတော်အသီးသီးမှ ဘာသာရေး ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အစည်းမှ လူကြီးများ၊ ကော်မတီဝင်များ ရပ်မိရပ်ဖများနှင့် ကျေးရွာ လူထုများ တက်ရောက်ခဲ့ကြသည်။


၄င်းမလိခမြစ်ကူးကြိုးတံတားသည် ပူတာအိုမြို့နယ် မလိခွမ်ကျေးရွာမှ မချမ်းဘော့မြို့နယ်၊ နမ်ဘူယန်ကျေးရွာဘက်သို့ ဆက်သွယ်သည့် မြစ်ကူးတံတားတစ်စင်းဖြစ်လာခဲ့ပြီဖြစ်ပြီး၊ ယနေ့ ဖွင့်လှစ်ခဲ့သည့် မလိခမြစ်ကူးတံတားကို Gilbarto မာလာမိသားစုမှ လှူဒါန်းတည်ထားခဲ့ကြောင်းလည်း သိရသည်။


လက်ရှိတွင် ပူတာအိုခရိုင်အတွင်း ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ်ကို ဆက်သွယ်ထားသော မလိခမြစ်ကူးကြိုးတံတားမှာ စုစုပေါင်း (၅)စင်းအထိ ရှိလာခဲ့ပြီ ဖြစ်သည်။




ree

ree

ree

ree

သတင်း - မလိခူး








Comments


Pajau Media

Thanks for subscribing!

bottom of page