top of page

ပူတာအိုမြို့မ (အထက)ကျောင်းတွင် အပတ်တိုင်း ပိုက်ဆံကောက်ခံသည်ကို ကျောင်းသားမိဘများ မလိုလား

  • Writer: Pajau Media
    Pajau Media
  • Feb 18, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ ပူတာအိုမြို့မ (အထက)ကျောင်းတွင် ဆရာ/မများက ကျောင်းသားများထံမှ ခေါင်းစဉ်အမျိုးမျိုးဖြင့် ပိုက်ဆံကောက်ခံမှု အကြိမ်ရေ များပြားလွန်းနေသည်ဟု ကျောင်းသားမိဘအချို့ ပြောကြားလာသည်။


ကချင်ပြည်နယ်၊ ပူတာအိုမြို့မ (အထက)ကျောင်းတွင် ဆရာ/မများက ကျောင်းသားများထံမှ ခေါင်းစဉ်အမျိုးမျိုးဖြင့် ပိုက်ဆံကောက်ခံမှု အကြိမ်ရေ များပြားလွန်းနေသည်ဟု ကျောင်းသားမိဘအချို့ ပြောကြားလာသည်။


ပုံမှန်အားဖြင့် ကျောင်း၏ ပွဲလမ်းသဘင်များ၊ အာစ္စရိယပူဇော်ပွဲများ၊ ကျောင်းခရစ္စမတ်ပွဲများနှင့် နှစ်ပတ်လည်ပွဲနေ့များတွင် နှစ်စဉ်နှစ်တိုင်း ကျောင်းသားများထံ ပိုက်ဆံကောက်ခံကြရသည်မှာ ပုံမှန်ဖြစ်နေသော်လည်း ယခုပညာသင်နှစ်မှစ၍ ကျောင်းတွင်း ပိုက်ဆံကောက်ခံမှုမှာ အပတ်တိုင်းလိုလို ဖြစ်နေသည်ဟု ဆိုသည်။


"အတန်းလိုက်ပဲ ကလေးတွေတောင်မကျန်ဘူး KGအတန်းကအစ Grade12အထိလေ လတိုင်း၊ အပတ်တိုင်းလိုလို ပိုက်ဆံကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ယူလာခိုင်းတယ်၊ တစ်ခါကောက်ရင် အနည်းဆုံး ၂၀၀၀ကျပ်က အနည်းဆုံးပဲ။”ဟု နောက်ထပ်မိဘတစ်ဦးက ပြောသည်။


ရပ်ဝေးမှ ကျောင်းလာတက်သည့်ကျောင်းသားများ၊ အဆောင်နေကျောင်းသားများ၊ မိဘနှင့်ဝေးကွာပြီး ကျောင်းတက်နေရသော ကျောင်းသားများအတွက် အပတ်တိုင်း ပိုက်ဆံကောက်ခံနေမည်ဆိုလျှင် ငွေကြေးအခက်အခဲရှိနိုင်သလို မျက်နှာငယ်ကြရသည်ဟု ဆိုသည်။


အထက်တန်းကျောင်းသားတစ်ဦးမှလည်း စာသင်ချိန်သည် တစ်ရက်လျှင် နှစ်ချိန်မှ သုံးချိန်အထိသာ တက်ကြရပြီး ကျန်အချိန်များတွင် အားကစားအချိန်တွေသာ များစွာထည့်သွင်း ပေးထားကြသည်ဟု ထပ်မံပြောကြားလာသည်။


ထို့ကြောင့် ကျောင်းသားမိဘများသည် စာသင်ချိန်နည်းပါးပြီး အားကစားချိန်များသည့် ပညာသင်စနစ်နှင့် အပတ်တိုင်းလိုလို ကျောင်းသားများထံမှ ပိုက်ဆံကောက်ခံသည့် ပညာရေးကို အလိုမကျကြောင်း ပြောသည်။


ပူတာအိုမြို့မ၊ အထကကျောင်းတွင် ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်အတွင်း ပညာသင်ယူနေသည့် ကျောင်းသား/သူ စုစုပေါင်း(၂၀၇၀)ဦးရှိပြီး၊ စာသင်ကြားပေးနေသည့် ကျောင်းဆရာ/မများမှာ စုစုပေါင်း အယောက် (၆၀)အထိသာရှိကြောင်းနှင့် ဆရာ/ဆရာမဝန်ထမ်း မလုံလောက်သည့် ပြဿနာလည်း နှစ်စဉ်ကြုံတွေ့နေရကြောင်း သိရသည်။


သတင်း- မလိခူး



Comments


Pajau Media

Thanks for subscribing!

bottom of page