ပူတာအိုမြို့မှ အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့သူ ကျော်သူရကိုဆိုသူကို နေပြည်တော်တရားရုံးတွင် ကြိုးမိန့်ချမှတ်
- Pajau Media

- Mar 12, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၂ရက်၊မတ်လ၊၂၀၂၅။

ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်တွင် အသက်မပြည့်သေးသည့် မဂွမ်ရိန်ဒူနော်(၁၅နှစ်)ကို အဓမ္မပြုကျင့် သတ်ဖြတ်မှုကျူးလွန်သူအား အမှုနှစ်ခုဖြင့် ကြိုးမိန့်ချမှတ်လိုက်ကြောင်း နေပြည်တော်သို့ လိုက်ပါသွားသည့် ပူတာအိုခရိုင်တရားသူကြီးထံမှ သိရကြောင်း ဒေသခံတစ်ဦး ပြောကြားလာသည်။
ပြစ်မှုကျူးလွန်ခဲ့သည့် အသက်၂၄နှစ်ခန့်အရွယ် ကိုကျော်သူရကိုဆိုသူကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ် ၆ရက်နေ့တွင် ပူတာအိုခရိုင်တရားရုံးက သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုနှင့် ခိုးမှုတို့ဖြင့် သေဒဏ်ချမှတ်ခဲ့ပြီး ဖြစ်သည်ဟု သိရှိရသည်။
"အခုလို ပြစ်မှုမျိုး ငါတို့ပူတာအိုဒေသမှာ နောက်ထပ်မဖြစ်အောင်၊ စံနမူနာလည်းဖြစ်ရအောင် ဒီအမှုကို အမြန်ဆုံး ပြတ်ပြတ်သားသား အမြန်ဆုံးကြိုးမိန့်ချပေးဖို့လိုမယ်ဗျ၊ မဟုတ်ရင် ငါတို့ဒေသထဲမှာ လုံးဝလှုံခြုံမှုမရှိတော့ဘူး၊ အခုဒီဆယ်စုနှစ်အတွင်းမှာ ယခင်က မဖြစ်ဖူးတဲ့ လူသတ်မှု၊ ခိုးဆိုးလုယှက်မှုတွင် အများကြီးဖြစ်လာနေပြီ" ဟု တရားလိုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှုဖြင့် ပူတာအိုခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့သည်ကို နေပြည်တော်တရားရုံးတွင် အယူခံဝင်ရာ ယမန်နေ့တွင် ကြိုးမိန့်ချမှတ်လိုက်ခြင်း ဖြစ်ပြီး၊ ယခုချမှတ်လိုက်သောပြစ်ဒဏ်သည် ပြစ်မှုကျူးလွန်သူနှင့် ထိုက်တန်သော ပြစ်ဒဏ်ဖြစ်သောကြောင့် အမြန်ဆုံးတရားစီရင်ပေးစေလိုကြောင်း သေဆုံးသူ မ ဂွမ်ရိန်ဒူနော်ဘက်မှ ဆွေမျိုးတော်စပ်သူတစ်ဦးက ဆိုသည်။
အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ပူတာအိုမြို့၊ ဒုတ္ထရပ်ကွက်ရှိ စတီးသံပန်းနှင့် ပရိဘောဂဆိုင်တွင် အလုပ်လုပ်သော ကိုကျော်သူရဆိုသူမှ အသက်၁၅နှစ်အရွယ် မဂွမ်ရိန်ဒူနော်အား အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
သတင်း - မလိခူး




Comments