top of page

ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက် ဇေယျာမင်းဆီဆိုင်နှဘေးတွင် မီးလောင်မှုဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • Mar 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊မတ်လ၊၂၀၂၄ခုနှစ်။




ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်၊ ဇေယျာမင်းဆီဆိုင်နှဘေးတွင် ယနေ့ မတ်လ ၂၁ရက်နေ့ နေ့လည်၁၂နာရီအချိန်ခန့်တွင် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


မီး‌ေလာင်မှုစတင်ဖြစ်ပွားခြင်း ‌အကြောင်းအရာကို အတိအကျမသိရသေးသော်လည်း EPC မီးပြတ်နေချိန် မီးလောင်မှု ဖြစ်ပွားခဲ့သည်ဖြစ်၍ မီးဖိုချောင်မီးမှ စတင်လောင်ကျွမ်းခြင်း ဖြစ်နိုင်သည်ဟု အိမ်နီးချင်းများက ဆိုသည်။


မီးလောင်မှုဖြစ်ပွားချိန် မီးသတ်ကားများဖြင့် ချက်ချင်းပင် လာရောက်ငြိမ်းသတ်နိုင်ခဲ့သော်လည်း ယင်းနေအိမ်နှစ်လုံးမှာ ပြာကျသွားခဲ့ပြီး၊ အိမ်နီးချင်းအိမ်များနှင့် ဇေယျာမင်းဆီဆိုင်ကြီးကိုတော့ ကာကွယ်နိုင်ခဲ့သည်ဟု ဆိုသည်။


သတင်း- မလိခူး



Comments


Pajau Media

Thanks for subscribing!

bottom of page